ကလေးသူငယ်ဥပဒေအကြောင်းတစ်စေ့တစ်စောင်း
photo:google အောက်ပါကလေးသူငယ်သည် ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်ဖြစ်သည်- (၁)မိဘ သို့မဟုတ် အုပ်ထိန်းသူမရှိသောသူ၊ (၂)တောင်းရမ်းစားသောက်သူမိဘ၊ အုပ်ထိန်းသူတို့က ထိန်းသိမ်း၍ မရနိုင်လောက်အောင် ဆိုးသွမ်းသူ၊ (၃)ရက်စက်သော သို့မဟုတ် ယုတ်မာသော မိဘ၊ အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်တွင်ရှိသူစိတ်ပေါသွပ်သူ၊ (၄)ကူးစက်တက်သောရောဂါစွဲကပ်နေသူမူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးသုံးစွဲသူလူမှုဝန်ထမ်းဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်သူတို့ဖြစ်သည်။ ကလေးသူငယ်များရရှိသည့်အခွင့်အရေး ပုဒ်မ ၁၂ ။ ။ ကလေးသူငယ်တိုင်သည်- (က) မိဘ ၂ ပါး သို့မဟုတ် ၁ ပါးပါး အသက်ရှင်လျင်ရှိပါက ယင်းတို့နှင့်အတူနေထိုင်ကြီးပြင်းရန်အခွင့်အရေးရှိစေရမည်၊ (ခ) ယင်း၏ အကျိုးစီးပွားအတွက် ဥပဒေအရ ခွဲခွာနေထိုင်ရန်လိုအပ်သည့်အခါမှတစ်ပါး မိဘများနှင့်အတင်းအဓမ္မခွဲခွာမှုကို မခံထိုက်စေရ၊ (ဂ) ယင်း၏အကျိုးစီးပွားကို မထိခိုက်လျှင် ဥပဒေအရ ခွဲခွာနေထိုင်သော မိဘတို့နှင့် ပုံမှန်တွေ့ဆုံနိုင်ခွင့်ရှိစေရမည်၊ (ဃ) မိမိ၏ကိုယ်ခန္ဓာ သို့မဟုတ် ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ အုပ်ထိန်းမှု ခံပိုင်ခွင့်ရှိသည်။ ကလေးသူငယ်မျာ...