သက်ငယ်မုဒိမ်းမှု၏အမြင့်ဆုံးပြစ်ဒဏ်နှင့်မုဒိမ်းပြုကျင့်သတ်ဖြတ်ခြင်း၏အမြင့်ဆုံးပြစ်ဒဏ်



          ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးသာဌေးက မုဒိမ်းမှုနှင့်စပ်လျဉ်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်သည့်တရားခံကို ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်ထိဖြစ်စေ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါကြောင်း၊ သို့သော် တရားခံက အရွယ်မရောက်သေးသူ ကလေးသူငယ်ဖြစ်စေ၊ အရွယ်ရောက်ပြီးသူဖြစ်စေ မုဒိမ်းပြုကျင့်သတ်ဖြတ်ခံရမှုပေါ်ပေါက်ပါက တရားခံကို တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ်မှအပ အခြားပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိသဖြင့် သေဒဏ်ကို မလွဲမသေချမှတ်ရမည်ဖြစ်ပါကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် ကျူးလွန်သည့်ပြစ်မှုများ များပြားလာကြောင်းတွေ့ရသဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ပြီး ပြစ်မှုများကို ခရိုင်တရားရုံးက လက်ခံစစ်ဆေးပြီးပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက တရားခံကိုထိရောက်ဟန့်တားသည့်ပြစ်ဒဏ် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ရန်၊ အဆိုပါအမှုများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အစီရင်ခံသွားရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်အောက်ခံတရားရုံးများသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ယင်းညွှန်ကြားချက်အတိုင်းဆောင်ရွက်လျက်ရှိပါကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် သက်ငယ်မုဒိမ်းမှုများကို ဥပဒေကခွင့်ပြုသည့် ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နိုင်ခြင်ဖြင့် မုဒိမ်းမှုများ လျော့နည်းပပျောက်စေရန် တရားရုံးက ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရုံးများက အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်သူတရားခံများကို ဥပဒေကခွင့်ပြုသည့်အတိုင်း ကြီးလေးသည့်ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် ယင်းပြစ်မှုများဖြစ်ပွားမှုလျော့နည်းပပျောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးသာဌေးမှ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ 25.5.2018 ရက်နေ့တွင်ဖြေကြားခဲ့သည်။

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card