Posts
Showing posts from July, 2017
အသက်မပြည့်သေးပါက ထိမ်းမြား၍ ရပါသလား
Image
ရန်ကုန် တစ်ခုလပ် တစ်လင်ကွာနှင့် မုဆိုးမများမှ လွဲ၍ အသက် ၂၀ မပြည့်သေးသော မိန်းမအား ၄င်း၏အုပ်ထိန်းသူ သဘောတူညီချက် သို့မဟုတ် သဘောတူကြောင်း အဓိပ္ပာယ်သက်ရောက်သည့် သဘောတူညီချက် မရှိလျှင် ထိမ်းမြားလက်ထပ်မှု မပြုနိုင်ပေ။ ဖြစ်ပွားခဲ့ဘူးသော အမှုမှာ မအေးစိန်နှင့်မောင်လှမင်း ဖြစ်သည်။
လင်ပါ မယားပါ သားသမီးများ၏ အမွေ
Image
လင်ပါမယားပါသားသမီးများသည် မိရင်းဖရင်း သေဆုံးသောအခါ မိထွေး ပထွေးထံမှ အမွေတောင်းခံနိုင်သည်။ မိရင်းဖရင်းသေဆုံးချိန်တွင် အမွေမတောင်းခံခဲ့ပါက မိထွေး ပထွေးသေဆုံးချိန်တွင် အမွေတောင်းခံနိုင်ခွင့်ရှိကြသည်။
မြန်မာအမျိုးသမီးများကို မည်သည့်နိုင်ငံခြားသားနှင့်မှ ထိမ်းမြားခြင်း မပြုရ
Image
မြန်မာနိုင်ငံသားအမျိုးသမီးများကို မည်သည့်နိုင်ငံခြားသားနှင့်မျှ ထိမ်းမြားလက်ထပ်ပေးခြင်းမပြုလုပ်ရန် မြန်မာနိုင်ငံတရားရုံးချုပ် ၁၉၈၈ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ပါ ညွှန်ကြားချက်အမှတ် ၂/၉၈၊ ၃/၉၈ နှင့် ရှေ့နေချုပ်ရုံး ၁၉၉၈ခုနှစ်၊ဇူလိုင်လ(၂)ရက် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားလွှာအမှတ် ၁/၉၈တွင် ထုတ်ပြန်ထားပါသည်။
မိန်းမ သို့မဟုတ် ယောကျာ်းအား ပြန်လည်ပေါင်းသင်းစေလိုမှု
Image
မိမိထံမှအကြောင်းမဲ့ထွက်ခွာသွားသော မယား သို့မဟုတ် လင်အား ပြန်လည်ပေါင်းသင်းလိုမှု ဖြင့်တရားစွဲနိုင်ပါသည်။ တရားစွဲလိုသူအနေဖြင့် မိမိတွင်အပြစ်ကင်းကြောင်းနှင့် ထွက်ခွာသွားသူသာ အပြစ်ရှိကြောင်း သက်သေ ထင်ရှားအောင် ပြုလုပ်ရမည်။
ဥပဒေ
Image
ဥပဒေလိုက်နာခြင်းဖြင့် ငြိမ်းချမ်းသော လူ့ဘောင်လောက ဖန်တီးကြပါစို့...
အမွေပြတ်စွန့်လွတ်ကြောင်း
Image
အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာထဲတွင် ကြေငြာရုံမျှနှင့် အမွေမပြတ်ပေ။
our service
Image
မိဘများအတွက်
Image
တရားခံအပြစ်ရှိကြောင်းတရားလိုမှသက်သေထင်ရှားပြရမည်
Image
မူပိုင်​ခွင့်​လွှဲအပ်​ခြင်း
Image
မူပိုင်​ခွင့်​အခွင့်​အ​ရေးအာ အခြားသူသို့ လွှဲ​ပြောင်း​ပေးရာတွင်​ဥပ​ဒေနှင့်​မညီညွတ်​၍နစ်​နာမှုများမဖြစ်​ပွား​စေရန်​​​ အောက်​ပါအချက်​များအတိုင်းကြိုတင်​​ပြင်​ဆင်​ထားသင့်​သည်​။         ဝတ္ထုနျင့်​ပတ်​သတ်​သည့်​ မူပိုင်​ခွင့်​မှာ ဝတ္ထုကို ထုတ်​​ဝေခွင့်​ သို့မဟုတ်​ ထပ်​မံထုတ်​​ဝေပိုင်​ခွင့်​အပြင်​ ဝတ္ထုမှ အများပြည်​သူသို့ တင်​ဆက်​ပြသရန်​ ရုပ်​ရှင်​လည်း ပါဝင်​သည်​။       မူပိုင်​ခွင့်​ အခွင့်​အ​ရေးရှိသူသည်​ မိမိအခွင့်​အ​ရေးအားလုံးဖြစ်​​စေ၊ အချို့တစ်​ဝက်​ကိုဖြစ်​​စေ စည်းကမ်းချက်​ထား၍လည်း​ကောင်း၊ စည်းကမ်းချက်​များ မထား၍လည်း​ကောင်း လွှဲ​ပြောင်း​ပေးအပ်​နိုင်​သည်​။ ထိုသို့လွှဲအပ်​ရာတွင်​ မူပိုင်​ခွင့်​အခွင့်​အ​ရေးရှိသူ သို့မဟုတ်​ မူပိုင်​ခွင့်​အခွင့်​အ​ရေးရှိသူ၏ ကိုယ်​စားလှယ်​ကိုယ်​တိုင်​ စာ​ရေးသား၍ လက်​မှတ်​​ရေးထိုး​ပေးရမည်​။ ထိုသို့မဟုတ်​ပါက မူပိုင်​ခွှင့်​ လွှဲ​ပြောင်း​ပေးအပ်​မှုသည်​ တရားမဝင်​​သော​ကြောင့်​ မူပိုင်​အခွင့်​အ​ရေးအား ဥပ​ဒေနှင့်​အညီ တရားဝင်​ လွှဲ​ပြောင်းနိုင်​ကြပါ​စေ။
မွေးစားသားသမီးများ၏ ​ကောင်းကျိုး ဆိုးကျိုး
ရှေ့နေအဖြစ်မှ ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း
Image
   ရှေ့နေတစ်ဦးသည် ကိုယ်ကျင့်တရားထိခိုက်စေသည့် ပြစ်မှုတစ်ခုခုအတွက် ပြစ်ဒဏ်ချမှတ်ခြင်းခံရရင်  ရှေ့နေအဖြစ်မှ ရပ်ဆိုင်းခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းပြုလုပ်နိုင်သည်။ (ရှေ့နေလိုက်သူများအက်ဥပဒေပုဒ်မ ၁၂)
တရားရုံးတွင် ရုံးချိန်းတောင်းပါက ၀ါရင့်ရှေ့နေများအား ဦးစားပေးခြင်း
Image
  တရားရုံးများတွင် ရုံးချိန်းတောင်းသည့်အခါ ၀ါကြီးပုဂ္ဂိုလ်များအား ဦးစားပေးခြင်း၊ ၀ါကြီးရှေ့နေလာပါက ၀ါငယ်သောရှေ့နေများမှ နေရာပေးခြင်းတို့သည် ကောင်းမွန်သည့်အလေ့အထဖြစ်ပြီး ထိန်းသိမ်းလိုက်နာအပ်ပါသည်။(ဗဟိုတရားရုံး၊ ရှေ့နေများကောင်စီဥပဒေပုဒ်မ ၈)
ကူညီ​ပေးလိုက်​ကြပါ
ဒီနေ့ ၂၀၁၇၊ ဇူလိုင်လ ၂ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်က တာမွေမြို့နယ် ဓမ္မဝိဟာရလမ်း အိမ်နံပါတ် ၃၄ ရှေ့ကနေ အောင်ဆန်းကွင်း ရွှေစင်စကြ်ာကားဂိတ်ကို အသွားအပြန်ငှားသွားခဲ့တဲ့ တက္ကစီကားပေါ်မှာ ကျွန်တော့် ပိုက်ဆံအိတ်ပါသွားလို့ပါ။ အိတ်ထဲမှာ ပိုက်ဆံသုံးသိန်းခန့်၊ Memory Stick အပြား ၂ ခု၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်နဲ့  ATM Card ၂ ကဒ် ပါပါတယ်။ ပိုက်ဆံကတော့ ပြန်ရဖို့မမျှော်လင့်တော့ပါဘူး။ကျန်တဲ့ဟာတွေ ပြန်ရချင်လို့ပါ။ တက္ကစီနံပါတ် မမှတ်မိလို့ပါ။ ကျေးဇူးပြုပြီး Share ပေးကြပါဦး။ ဆက်သွယ်ရန် ကိုဥာဏစိုး 09-400452477 ref: မှုခင်းသတင်းဂျာနယ်
ချစ်လွန်းသဖြင့် ခိုးပြေးရာမှ ထောင်ကျခဲ့ရသူများ
Image
 ရန်ကုန်၊ ဇူလိုင်လ(၂)ရက်      အမှုမှာ အသက်မပြည့်သေးသော သမီးဖြစ်သူကို ခိုးယူပေါင်းသင်းသဖြင့် မိခင်ဖြစ်သူက တရားစွဲဆိုသော အမှုဖြစ်လေသည်။ ခိုးယူခြင်းခံရသော မိန်းကလေးက အသက်ကိုလိမ်လည်ပြောဆိုသဖြင့် အသက်ပြည့်ပြီး ဖြစ်သည်ဟု ယူဆကာ လက်ထပ်ပါင်းသင်းပါသည်ဟု ထုချေစေကာမူ အရွယ်မရောက်သေးလျှင် ပြစ်မှုမြောက်မည်သာဖြစ်သည်။ တရားရုံးတွင် လက်ထပ်စာချုပ်ပြုလုပ်ပြီး အသက် (၁၈)နှစ်ပါရှိသည်ကို အကြောင်းပြုပြီး အသက်ပြည့်ပြီးပြီဟုတ် မှတ်ယူခဲ့ခြင်းကို လက်ခံရန်ခဲယဉ်းသည်။ မိန်းကလေး၏ သဘောအလျောက်ဖြစ်စေ၊ သူတစ်ပါး၏ သွန်သင်မှုကြောင့်ဖြစ်စေ အသက်(၁ဂ)နှစ်ဟု ပြောတိုင်းလက်ခံယုံကြည်ရန်မဟုတ်ဟု ဆုံးဖြတ်ခဲ့ပါသည်။     ဒါကြောင့်မို့ ကိုယ့်ချစ်သူမိန်းကလေး သို့မဟုတ် ယောကျာ်းလေးက အသက်ပြည့်သည် မပြည့်သေးသည်ကို မိမိကိုယ်တိုင် တိတိကျကျသိရှိထားရန်လိုပေသည်။ ချစ်လွန်းလို စွန့်စားရမှ အသက် မပြည့်သေးသူနှင့် တစ်အိုးတစ်အိမ်ထူထောင်မိပါက မိမိချစ်သူဘယ်လောက်ပင်သဘောတူကြည်ဖြူပါစေ မိမိချစ်သူ၏ မိဘများမှ သဘောမတူပါက ဥပဒေအရ အမြင့်ဆုံးထောင်ဒဏ်(၇)နှစ်အထိ အပြစ်ပေးနိုင်ပါသည်။ ဥပဒေနှင့်အညီချစ်တက်ကြပါစေ။