မူပိုင်ခွင့်လွှဲအပ်ခြင်း
မူပိုင်ခွင့်အခွင့်အရေးအာ အခြားသူသို့ လွှဲပြောင်းပေးရာတွင်ဥပဒေနှင့်မညီညွတ်၍နစ်နာမှုများမဖြစ်ပွားစေရန် အောက်ပါအချက်များအတိုင်းကြိုတင်ပြင်ဆင်ထားသင့်သည်။
ဝတ္ထုနျင့်ပတ်သတ်သည့် မူပိုင်ခွင့်မှာ ဝတ္ထုကို ထုတ်ဝေခွင့် သို့မဟုတ် ထပ်မံထုတ်ဝေပိုင်ခွင့်အပြင် ဝတ္ထုမှ အများပြည်သူသို့ တင်ဆက်ပြသရန် ရုပ်ရှင်လည်း ပါဝင်သည်။
မူပိုင်ခွင့် အခွင့်အရေးရှိသူသည် မိမိအခွင့်အရေးအားလုံးဖြစ်စေ၊ အချို့တစ်ဝက်ကိုဖြစ်စေ စည်းကမ်းချက်ထား၍လည်းကောင်း၊ စည်းကမ်းချက်များ မထား၍လည်းကောင်း လွှဲပြောင်းပေးအပ်နိုင်သည်။ ထိုသို့လွှဲအပ်ရာတွင် မူပိုင်ခွင့်အခွင့်အရေးရှိသူ သို့မဟုတ် မူပိုင်ခွင့်အခွင့်အရေးရှိသူ၏ ကိုယ်စားလှယ်ကိုယ်တိုင် စာရေးသား၍ လက်မှတ်ရေးထိုးပေးရမည်။ ထိုသို့မဟုတ်ပါက မူပိုင်ခွှင့် လွှဲပြောင်းပေးအပ်မှုသည် တရားမဝင်သောကြောင့် မူပိုင်အခွင့်အရေးအား ဥပဒေနှင့်အညီ တရားဝင် လွှဲပြောင်းနိုင်ကြပါစေ။

Comments
Post a Comment