ချစ်လွန်းသဖြင့် ခိုးပြေးရာမှ ထောင်ကျခဲ့ရသူများ

 ရန်ကုန်၊ ဇူလိုင်လ(၂)ရက် 
    အမှုမှာ အသက်မပြည့်သေးသော သမီးဖြစ်သူကို ခိုးယူပေါင်းသင်းသဖြင့် မိခင်ဖြစ်သူက တရားစွဲဆိုသော အမှုဖြစ်လေသည်။ ခိုးယူခြင်းခံရသော မိန်းကလေးက အသက်ကိုလိမ်လည်ပြောဆိုသဖြင့် အသက်ပြည့်ပြီး ဖြစ်သည်ဟု ယူဆကာ လက်ထပ်ပါင်းသင်းပါသည်ဟု ထုချေစေကာမူ အရွယ်မရောက်သေးလျှင် ပြစ်မှုမြောက်မည်သာဖြစ်သည်။ တရားရုံးတွင် လက်ထပ်စာချုပ်ပြုလုပ်ပြီး အသက် (၁၈)နှစ်ပါရှိသည်ကို အကြောင်းပြုပြီး အသက်ပြည့်ပြီးပြီဟုတ် မှတ်ယူခဲ့ခြင်းကို လက်ခံရန်ခဲယဉ်းသည်။ မိန်းကလေး၏ သဘောအလျောက်ဖြစ်စေ၊ သူတစ်ပါး၏ သွန်သင်မှုကြောင့်ဖြစ်စေ အသက်(၁ဂ)နှစ်ဟု ပြောတိုင်းလက်ခံယုံကြည်ရန်မဟုတ်ဟု ဆုံးဖြတ်ခဲ့ပါသည်။
    ဒါကြောင့်မို့ ကိုယ့်ချစ်သူမိန်းကလေး သို့မဟုတ် ယောကျာ်းလေးက အသက်ပြည့်သည် မပြည့်သေးသည်ကို မိမိကိုယ်တိုင် တိတိကျကျသိရှိထားရန်လိုပေသည်။ ချစ်လွန်းလို စွန့်စားရမှ အသက် မပြည့်သေးသူနှင့် တစ်အိုးတစ်အိမ်ထူထောင်မိပါက မိမိချစ်သူဘယ်လောက်ပင်သဘောတူကြည်ဖြူပါစေ မိမိချစ်သူ၏ မိဘများမှ သဘောမတူပါက ဥပဒေအရ အမြင့်ဆုံးထောင်ဒဏ်(၇)နှစ်အထိ အပြစ်ပေးနိုင်ပါသည်။ ဥပဒေနှင့်အညီချစ်တက်ကြပါစေ။


Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card