တစ်လင်တစ်မယားဥပဒေ
ယနေ့ခေတ်တွင် ခေတ်စားလာသော ပုဒ်မများအနက် တစ်လင်တစ်မယားဥပဒေဖြင့် စွဲဆိုလာသည့် အမှုများကို ချန်ထား၍ မရပေ။ တစ်လင်တစ်မယားဥပဒေဖြင့် တရားလိုမှ ရဲစခန်းတွင် တိုင်ကြားလိုက်ယုံမျှဖြင့် တရားခံသည် ပြစ်မှုမြောက်သည် မမြောက်သည်ကို ထုချေရန်မဆိုထားဘိ အရင်ဆုံး ရဲစခန်းမှာထိန်းသိမ်းခံရပြီး အမှုစကတည်းက အချုပ်နှင့် စတင်ရင်ဆိုင်ရလောက်သည်အထိ စွမ်းဆောင်နိုင်သော ပုဒ်မဖြစ်ပေသည်။
တစ်လင်တစ်မယားဥပဒေဖြင့် ရင်ဆိုင်နေရသူများသည် ရာဇဝတ်မှုကျူးလွန်ခဲ့သည့် တရားခံမဟုတ်သော်လည်း အိမ်ထောင်ရေးအပြစ်ကျူးလွန်ယုံဖြင့် ရင်ဆိုင်ရမည့် ဒုက္ခကတော့ အများသားပင်ဖြစ်၏။
အိမ်ထောက်ရေးဖောက်ပြန်သူအား ချမှတ်ရမည့် ပြစ်ဒဏ်အနေဖြင့်လည်း ၇နှစ်ထိ ထောက်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟုပြဌာန်းထားသဖြင့် စည်းကမ်းတင်းကျပ် လွန်းသော ဥပဒေပင်ဖြစ်တော့သည်။ ငွေဒဏ်ဟုဆိုရာ၌ သိန်းဂဏန်းထိချမှတ်ခွင့်ရှိသောဥပဒေပင်ဖြစ်သည်။
လူးတိုင်းရဲ့ပါးစပ်ထဲခေတ်စားနေသော တစ်လင်တစ်မယားဥပဒေ၊ Social Media တိုင်း ခေတ်စားနေသော တစ်လင်တစ်မယားဥပဒေ၊ ဂျာနယ်စာစောင်တိုင်းခေတ်စားနေသော တစ်လင်တစ်မယားဥပဒေ၏ ထင်ရှားသော ပုဒ်မအချို့မှာ_
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGOntQaNS5zegs_7TPiMzz7FJYq94s0iU3CSK608a0pTX7a69vZJ3IiL5CNtaWr9ppNT2NwzumvcUR0VU02JzbYapNw9RcpbVxSclaShGyAxkn38rFPzPqtKdAkSyEIiC17IZvNkV1NqrO/)
×××××××××××××××××××××××××××××××××××
တစ်လင်တစ်မယားဥပဒေပုဒ်မ `၁၀´
ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောကျာ်း သို့မဟုတ် မိန်းမသည် အဆိုပါ ထိမ်းမြားမှု တည်မြဲနေစဉ်ကာလအတွင်း ဤဥပဒအာဏာတည်သည့်နေ့မှစ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းခြင်းမပြုရ။
.......................................................................
တစ်လင်တစ်မယားဥပဒေပုဒ်မ `၁၂´
မည်သူမျှ ဥပဒတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံထိမ်းမြားမှုမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။

တစ်လင်တစ်မယားဥပဒေပုဒ်မ `၁၃´
မည်သူမဆို ပုဒ်မ ၁၀၊ ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၇နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
တစ်လင်တစ်မယားဥပဒေဖြင့် ရင်ဆိုင်နေရသူများသည် ရာဇဝတ်မှုကျူးလွန်ခဲ့သည့် တရားခံမဟုတ်သော်လည်း အိမ်ထောင်ရေးအပြစ်ကျူးလွန်ယုံဖြင့် ရင်ဆိုင်ရမည့် ဒုက္ခကတော့ အများသားပင်ဖြစ်၏။
အိမ်ထောက်ရေးဖောက်ပြန်သူအား ချမှတ်ရမည့် ပြစ်ဒဏ်အနေဖြင့်လည်း ၇နှစ်ထိ ထောက်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟုပြဌာန်းထားသဖြင့် စည်းကမ်းတင်းကျပ် လွန်းသော ဥပဒေပင်ဖြစ်တော့သည်။ ငွေဒဏ်ဟုဆိုရာ၌ သိန်းဂဏန်းထိချမှတ်ခွင့်ရှိသောဥပဒေပင်ဖြစ်သည်။
လူးတိုင်းရဲ့ပါးစပ်ထဲခေတ်စားနေသော တစ်လင်တစ်မယားဥပဒေ၊ Social Media တိုင်း ခေတ်စားနေသော တစ်လင်တစ်မယားဥပဒေ၊ ဂျာနယ်စာစောင်တိုင်းခေတ်စားနေသော တစ်လင်တစ်မယားဥပဒေ၏ ထင်ရှားသော ပုဒ်မအချို့မှာ_
×××××××××××××××××××××××××××××××××××
တစ်လင်တစ်မယားဥပဒေပုဒ်မ `၁၀´
ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောကျာ်း သို့မဟုတ် မိန်းမသည် အဆိုပါ ထိမ်းမြားမှု တည်မြဲနေစဉ်ကာလအတွင်း ဤဥပဒအာဏာတည်သည့်နေ့မှစ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းခြင်းမပြုရ။
.......................................................................
တစ်လင်တစ်မယားဥပဒေပုဒ်မ `၁၂´
မည်သူမျှ ဥပဒတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံထိမ်းမြားမှုမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။
.......................................................................
တစ်လင်တစ်မယားဥပဒေပုဒ်မ `၁၃´
မည်သူမဆို ပုဒ်မ ၁၀၊ ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၇နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
Comments
Post a Comment