Labour Card
အလုပ်သမားမှတ်ပုံတင်ကဒ်(Labour Card) ၏ ဂုဏ်သိက္ခာအားမြှင့်တင်ကြပါစို့.....(အလုပ်သမားရေးရာသိကောင်းစရာ)
--------------------------------------------------------------------------
အလုပ်စတင်လုပ်လိုသူများ၊ အလုပ်လျှောက်ထားသူများ အတွက် အလုပ်လျှောက်ထားရာတွင် မပါမဖြစ်လိုအပ်သော စာရွက်စာတမ်းများအနက် အလုပ်သမားမှတ်ပုံတင်ကဒ်ပြားသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
များစွာသော အလုပ်သမားများသည် အလုပ်သမားမှတ်ပုံတင်ကဒ်ပြားကို သက်ဆိုင်ရာ အလုပ်သမားရုံးတွင် လျှောက်ထားပြုလုပ်ကိုင်ဆောင်ထားကြသော်လည်း အလုပ်သမားမှတ်ပုံတင်ကဒ်၏ ကောင်းကျိုးနှင့် လိုက်နာရမည့်အချက်များကို သိရှိ၊ ဖတ်ရှု၊ ဂရုစိုက်မှု အားနည်းနေသည်ကို မြင်တွေ့နေရပါသည်။
ထိုအချက်များကို မသိရှိခြင်းကြောင့် အလုပ်သမားများအား အပြစ်ဆိုဖွယ်ရာမရှိပါ။ အလုပ်သမားမှတ်ပုံတင်ကဒ်ကို စတင် ပြုလုပ်သည့် အချိန်ကတည်းကပင် အလုပ်သမားမှတ်ပုံတင်ကဒ်ပြား၏ကောင်းကျိုးများ၊ ရပိုင်ခွင့်များကို သိရှိခဲ့ရခြင်း မရှိပါ။ ထိုအချိန်ကတည်းက သိရှိခဲ့ရခြင်းမရှိသလို နောက်တွင်လည်း မည်သည့်အလုပ်သမားကမှ သိရှိအောင် မကြိုးစားတော့ပါ။ ကြိုးစားခဲ့သူများကိုလည်း ယနေ့တိုင်မမြင်တွေ့သေးဘူးပါ။
ရုံးများအနေဖြင့်လည်း အလုပ်သမားများ ရုံးသို့အလုပ်သမားကဒ်စတင် လာလျှောက်စဉ်ကတည်းက အလုပ်သမားမှတ်ပုံတင်ကတ်၏ ကောင်းကျိုး၊ ရပိုင်ခွင့်၊ လိုက်နာရန်အချက်များကို ပြောပြထားသင့်ပါသည်။
အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မိမိအလုပ်သမားကဒ်ပြုလုပ်ခဲ့သည့် ရုံးတွင် လာရောက်၍ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှုအားဖြေရှင်းနိုင်ကြောင်း ပြောပြပြီး အလုပ်ရှင်၊ အလုပသမားနှင့် ရုံးများအကြား ယုံကြည်မှုအား ပိုမိုတည်ဆောက်သင့်သည်။ ထိုသို့မဟုတ်ပဲ အလုပ်ရှင်က အလုပ်လျှောက်လွှာ CV form တွင် အလုပ်သမားမှတ်ပုံတင်ကဒ်ပါရုံ၊ အလုပ်သမားမှလည်း အလုပ်လျှောက်လွှာတွင် အလုပ်သမားမှတ်ပုံတင်ကဒ်ပါရုံ၊ ရုံးများမှလည်း အလုပ်သမားမှတ်ပုံတင်ကဒ်ပြု လုပ်ပေးရုံမျှသည် အလုပ်သမားမှတ်ပုံတင်ကဒ်၏ အသုံးဝင်ပုံများအား ယုတ်လျော့စေပါသည်။ (ဆက်ရန်)
Comments
Post a Comment