ကလေးသူငယ်တရားစီရင်ရေး
လူကြီးများအပြစ်ကျုးလွန်သောအခါကျုးလွန်သော ပြစ်မှုအတိမ်အနက်ပေါ်မူတည်၍ ပြစ်ဒဏ်သတ်မှတ်လေ့ရှိသည်။ပြစ်မှုကျုးလွန်သော ကလေးသူငယ်များအပေါ်တွင် ပြစ်ဒဏ်ချမှတ်ရာ၌မူကားကျုးလွန်သောပြစ်မူ အကြီးအသေးအပေါ်မူတည်၍ အမိန်ချမှတ်ခြင်းမပြုရပါ။ ပြစ်မူကျုးလွန်သော ကလေးသူငယ်၏အကျင့်စာရိတ္တနှင့်ပတ်ဝန်ကျင်ပေါ်မူတည်၍ ကလေးသူငယ်အတွက်အကျိုးရှိမည့်ပြုပြင်ပြောင်ရေးသဘောသက်ရောက်သော အမိန်များကိုသာချမှတ်လေ့ရှိသည်။
ကလေးသူငယ်မှုခင်းများကို စစ်ဆေးရာ၌လည်း ပြဋ္ဌာန်းထားသောကလေးသူငယ် ဥပဒေများကိုလိုက်နာရသည်။ စစ်ဆေးပုံစစ်ဆေးနည်းများမှာလည်း လူကြီးမှုခင်းများ စစ်ဆေးပုံနှင့်မတူပဲ ကွဲပြားခြားနားသည်။ ထိုကြောင့်ကလေးသူငယ်များကို သီခြားစီ စီရင်ရသည်။ ၁၉၃၀ခုနှစ်တွင် The Young Offender Act ကိုလည်းကောင်း ၁၉၅၅ ခုနှစ်တွင်ကလေးသူငယ်များအက်ဥပဒေကိုလည်းကောင်းပြဋ္ဌာန်း၍ စစ်ဆေးစိရင်ခဲ့သည်။
ယခုအခါ အထက်ပါကလေးသူငယ်များအတွက်
ပြဠာန်းထားသောဥပဒေနှစ်ရပ်ကိုရုပ်သိမ်းလိုက်ပြီ ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုပြဠာန်းခဲ့၏။ဤကလေးသူငယ်
ဥပဒေ၏ ရည်ရည်ချက်ကို အောက်ပါအတိုင်ဖော်ပြထားပါသည်။
၁။ ကလေးသူငယ်အခွင်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းပါကလေးသူငယ်၏အခွင့်အရေးများကို အကောင်းအထည်ဖော်ဆောင်ရွက်ရန်
၂။ ကလေးသူငယ်၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရန်
၃။ကလေးသူငယ်များသည် ယင်းတို့၏အခွင့်အရေးများကို ဥပဒေနှင့်အညီအပြည့်အဝ ခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်
၎။နိုင်ငံတော်၏ ဓနအင်အားပေါ်မူတည်၍ ကလေးသူငယ်များအတွက်အကောင်းဆုံး အကျိုးစိပွားကိုဆောင်ရွက်ရန်
၅။ကာကွယ်စောင့်ရှောက်မှု လိုအပ်သောကလေးသူငယ်များကို နိုင်ငံတော် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ် သို့မဟုတ်အစိုးရ မဟုတ်သောအဖွဲ့အစည်းက ထိန်သိမ်းစောင့်ရှောက်ရန်
၆။ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန်
ကလေးသူငယ်ဥပဒေနှင့် အကျုံးဝင်သော ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ်မပြည့်သေးသောသူကိုဆိုလိုသည်ဟု ပုဒ်မ ၂က တွင်ပြဠာန်းထား၏။ ကလေးသူငယ် အသက်ကိုအသက် ၁၆ နှစ်ဟုဆိုသော်လည်းပုဒ်မ ၂၈(က)အရ အသက် ခုနှစ် နှစ်မပြည့်သေးသောကလေးသူငယ်တစ်ဦး၏ ပြုလုပ်မှုသည်
ပြစ်မှုမမြောက်စေရဟုပြထမ်းထားသည်။တစ်ဖန်ပုဒ်မခွဲ ခ တွင်လည်းပြုလုပ်စဉ်းကပြုလုပ်မှု၏ သဘောသဘာဝနှင့် အကျိုးအပြစ်ကိုသိနားလည်လောက်အောင် အမြော်အမြင်အဆင်အခြင်နှင့်မပြည့်စုံသေးသော အသက် ၇ နှစ် အထက် ၁၂ နှစ်အရွယ်ရှိ သော ကလေးသူငယ်၏ပြုလုပ်မှုသည် ပြစ်မှုမမြောက်စေရဟု
ပြဋ္ဌာန်းထားသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၈၃အရပြုလုပ်သူသည် အသက် ၇ နှစ်အထက် ၁၂ နှစ်အောက်အရွယ်ရှိပြီးပြုလုပ်မှု၏သဘောနှင့် အကျိုးအပြစ်ကိုသိနားလည်လောက်အောင်အမြော်အမြင်အဆင်အခြင်နှင့် မပြည့်စုံသေးကြောင်းထင်ရှားရှိရန်လိုအပ်သည်။ ယင်းအချက်ကို စဉ်းစားရာ၌ ပြုလုပ်သူက မိမိပြုလုပ်မှုသည် မည်သို့သောသဘောနှင့်အကျိုးအမြစ်ရှိသည်ကို မသိကြောင်းထုချေသည့်အပြင် ထိုသို့အသိဥာဏ်မရှိကြောင်း ထင်ရှားအောင်
အထောက်အထားတင်ပြရန်လိုအပ်သည်။
ထိုသို့ မတင်ပြနိုင်လျှင် ကျုးလွန်သောကလေးသူငယ်သည် မိမိပြုလုပ်မှု၏သဘောနှင့်အကျိုးအပြစ်ကို သိလျှက်နှင့်ပြုခဲ့သည်ဟုယူဆနိုင်သည်။ ဤအခြေအနေတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၈၃နှင့် အကျုံးဝင်သည်ဟုဆုံးဖြတ်နိုင်မည်မဟုတ်ပေ။
ကလေးသူငယ်မဟုတ်သော်လည်းအသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ်မပြည့်သူကိုလူငယ်ဟု ပုဒ်မ ၂(ခ)တွင်ပြဋ္ဌာန်းထား၏။အသက် ၁၆ နှစ်ပြည့်ပြီးဖြစ်သောလည်း အသက်၁၈နှစ် မပြည့်သေးသည့်လူငယ်အားပြစ်မှုတစ်ရပ်ဖြင့် တရားစွဲတင်ပို့ရာတွင်ယင်းပြစ်မှုကို စိရင်ပိုင်ခွင့်ရှိသည့် တရားရုံး သို့တရားစွဲတင်ပို့ရမည်။ကလေသူငယ်တရားရုံးသို့ တရားစွဲတင်ပို့ရန်မလိုပါ။
အသက်နှင့်ပတ်သက်ဤ အထောက်အထားများ ပူးတွဲပါရှိစေ
ရမည်။ ပြစ်မှုကျုးလွန်သော လူငယ်ကိုအမှုစစ်ဆေးသည့်အခါ လူကြီးများစစ်ဆေးသည့်နည်းလမ်းအတိုင်း စစ်ဆေးပြီး ပြစ်ဒာဏ်ချမှတ်သည့်အခါလူကြီးများပြစ်ဒဏ်ချမှတ်သည့်အတိုင်းမချ မှတ်ရဘဲ ထည့်သွင်းစဉ်းစားရမည့်အကြောင်းအရာများကို ကလေးသူငယ်ဥပဒေတွင်ပြဋ္ဌာန်းထားသည်။
ကလေးသူငယ်ဖြစ်ကြောင်း ၁၆နှစ်မပြည့်သေးသည့် အသက်အထောက်အထား လူငယ်ဖြစ်ကြောင်း ၁၈ နှစ်
မပြည့်သေးသည့် အသက်အထောက်အထားများသည်အရေးကြီးသည်။ အသက်နှင့်ပတ်သတ်သည့် မွေးစာရင်းနိုင်ငံသားစိစစ်ရေးကတ်ပြား အိမ်ထောင်စုစာရင်း ကျောင်းဝင်မှတ်ပုံတင် ဆရားဝန်၏ဆေးစာ သို့မဟုတ်အခြားခိုင်လုံသောအထောက်အထားရနိုင်သမျှ တင်ပြရမည်ဖြစ်သည်။သို့မှသာ အသက်အတွက်မှန်မှန်ကန်ကန်စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်သည်။အသက်နှင့်ပတ်သတ်ဤ နှစ်ဖက်အငြင်းပွားသည်များလည်းရှိသည်။ ကျောင်းဝင်းမှတ်ပုံတင်စာရင်းနှင့် လူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ အိမ်ထောင်စုစာရင်းတို့သည်အများနှင့်သက်ဆိုင်သော စာရွက်စာတမ်းများဖြစ်သဖြင့် သက်သေခံဝင်သည်။ သို့ရာတွင်အမှု၌ ယင်းစာရွက်စာတမ်းအထောက်အထားများမှာ
တူညီခြင်းမရှိသည့်အလျှောက်တရားလိုဘက်နှင့်တရာခံဘက်မည်သည့်ဘက်မှတင်ပြသည့် စာရွက်စာတမ်းအထောက်အထားများမှာ မှန်ကန်ကြောင်း မပေါ်လွင်သေးလျှင်တရာခံ၏ အသက်နှင့်စပ်လျဉ်းသည့်အချက်ကို စုံစမ်းမှုပြုလုပ်ပြီမှ အဆုံးအဖြတ်ပေးပါက မျှတမှန်ကန်မည်။အခြားခိုင်လုံသည့် အသက်အတွက်
အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်အခါ ဆရာဝန်၏ စစ်ဆေးချက်ကိုခံယူပြီး ဆေးစာာကိုတင်ပြရမည်။
ဆရာဝန်ထွက်ချက်ကို အသေးစိတ်စစ်ဆေးရန်လိုသည်။ဆရာဝန်သည် အရပ်အမောင်း အလေးချိန်နှင့် ကိုယ်ခန္ဒာအစိတ်အပိုင်များအပြင် သွားများကို ကြည့်ရှုစစ်ဆေးရုံမျှမက ခေတ်မှီလောကဓာတ်နည်းဖြစ်သော ဓာတ်မှန်ရိုက်၍စစ်ဆေးခဲ့လေသည်။ထိုလောကဓာတ်နည်းဖြစ်သော ဓာတ်မှန်ရိုက်၍ ရရှိသော
အချက်အလက်တို့မှာ ဆရာဝန်၏အကြံဥာဏ် ဖြစ်စေကာမူ တရားဝင်သောသက်သေခံတင်ပြချက်ဖြစ်သည်။ဇာတာများမှာအများနှင့်သက်ဆိုင်သောစာရွက်စာတမ်းမဟုတ်ဤ ထိုဇာတာ
များကို မည်သည့်အခါတွင်မဆို ပြုလုပ်၍ရရှိနိုင်သဖြင့် အသက်အတွက် ခိုင်လုံသောအထောက်အထားအဖြစ်မမှတ်ယူနိုင်ပေ။
အရာရှိတပ်သားများ၏ ဇနီးများသားသမီးဖွားမြင်သောအခါ တပ်သို့အကြောင့်ကြားပြီ တပ်မှမွေးဖွားသော ကလေး၏မွေးနေ့ ခုနှစ်သက္ကရာဇ်ကိုမှတ်ယူထားခြင်းဖြစ်ရာ ထိုမှတ်တမ်းမှာ
နောက်မှပြုလုပ်တင်ပြသည့် မှတ်တမ်းမဟုတ်၍ မှတ်တမ်းပါမွေးနေ့ကို အမှန်ယူရပါမည်။ဆရာဝန်၏ ထင်မြင်ချက်မှာ
ထင်မြင်ချက်သာဖြစ်ဤ မွေးနေ့မှတ်သားထားသည့်မှတ်တမ်းကို မလွမ်းမိုးနိုင်ပေ။
ကလေးသူငယ်ဥပဒေအခန်း ၉ တွင် ကလေးသူငယ်အား ပြစ်မှုဖြင့်အရေးယူခြင်းဖော်ပြထားသည်။ ပုဒ်မ၃၇ တွင်ရဲအရာရှိ သို့မဟုတ် အရေးယူခွင့်ရှိသူသည် ပြစ်မှုကျုးလွန်ကြောင်း စွပ်စွဲခံရသောကလေးသူငယ်ကိုဖမ်းလျှင် အောက်ပါတို့ကို လိုက်နာ
ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
၁။ လက်ထိပ်ခတ်ခြင်း ကြိုးဖြင့်ချည်နှောင်ခြင်းမပြုရ
၂။လူကြီးတရာခံများနှင့်အတူ ရောနှော၍ထားရှိခြင်းမပြုရ မိန်ကလေးဖြစ်လျှင်မိန်မတစ်ဦး၏ အစောင့်အရှောက်ဖြင့်ထားရမည်
၃။ နှိပ်စက်ညှဉ်းပန်ခြင်း ခြိမ်းခြောက်ခြင်း
မပြုရ
၎။ တစ်နေရာမှတစ်နေရာသို့ လူကြီးတရာခံများနှင့်အတူရောနှော၍ မပို့ဆောင်ရ မိန်ကလေးဖြစ်လျှင်မိန်ကလေးအစောင့်အရှောက်ဖြင့်ပို့ရမည်။
၅။ သက်ဆိုင်ရာ မိဘ သို့မဟုတ် အုပ်ထိန်းသူထံ အမြန်ဆုံးအသိပေးအကြောင်းကြားရမည်။
၆။ ကလေးသူငယ်တရားရုံးသို့ အမြန်ဆုံးတင်ပို့နိုင်ခြင်မရှိပါက ကလေးသူငယ်အားခံဝန်ဖြင့်လွတ်ထားရမည်။
၇။ ခံဝန်ဖြင့် မလွှတ်လျှင် ထိုကလေးသူငယ်ကိုယာယီစောင့်ရှောက်ရေးစခန်းသို့မဟုတ် အခြားသင့်လျှော်သည့်နေ
ရာသို့ပို့ရမည်။
ဤနေရာတွင် လူကြီးများပြစ်မှုကျုးလွန်ဤ ဖမ်းလာသည့်အခါ ကျုးလွန်သည့်ပြစ်မှုသည် အာမခံမပေးနိုင်သောပြစ်မှုဖြစ်၍
လိုအပ်ပါက တရာရုံးမှာရီမန်ယူ၍ ချုပ်ထားနိုင်သည်။ကလေးသူငယ်ပြစ်မှုကျုးလွန်၍ဖမ်းဆီးသောအခါ ကျုးလွန်သည့်ပြစ်မှုကန်သတ်ချက်မရှိခံဝန်ချုပ်၍ လွတ်ထားရမည်။မည့်သည့်အကြောင့်နှင့်မျှ မချုပ်ထားရပေ။ အကယ်၍ခံဝန်ချုပ်ဖြင့်မလွတ်ထားလျှင်လည်းယာယီစောင့်ရှောက်ရေးစခန်း သို့မဟုတ်အခြားသင့်လျှော်သည့်နေရာသို့ပို့ထားရမည်ဟုဆိုသည်။ကလေးသူငယ်များပြစ်မှုကျုးလွန်ဤ ဖမ်းဆီးလာသည့်အခါရီမန်ယူမချုပ်ထားမိရန်သတိချပ်အပ်၏။
ကလေးသူငယ်မှုခင်းများ စစ်ဆေးစီရင်ခြင်းကို အခန်း ၁၀ တွင်ဖော်ပြထားသည်။ပုဒ်မ ၄၀ခ တွင်တရားရုံးသည်သင့်လျှော်သောနေမြေဒေသတွင် ကလေးသူငယ်တရားရုံးများတည်ထောင်ဤ ကလေးသူငယ်တရားသူကြီးများခန့်ထားခြင်ကိုလည်းကောင်း ပုဒ်မခွဲ (ခ)တွင်ကလေးသူငယ်တရာရုံးမရှိသောဒေသများတွင် မြို့နယ်တရားသူကြီးအားကလေးသူငယ်တရားသူကြီး၏ စီရင်ပိုင်ခွင့် အာဏာအပ်နှင်းနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ပုဒ်မ (၄၀) တွင်ကလေးသူငယ်တရားရုံးသည်
(က) ကလေးသူငယ်မှုခင်းကို လက်ခံရရှိလျှင် အမှုတွဲတွင်ပါရှိသောကလေးသူငယ်၏အသက်နှင့်ပတ်သက်သော အထောက်
အထားကိုဦးစွာစိစစ်ကြည့်ရှုရမည်။အမှုတွဲပါ မွေးစာရင်း နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင်ငံသားမှတ်ပုံတင်လက်မှတ်ကျောင်းဝင်မှတ်ပုံတင်စာရင်း ဆရာဝန်၏ဆေးစာ သို့မဟုတ်အခြားခိုင်လုံသောအထောက်အထားများအရ ကလေးသူငယ်ဖြစ်မဖြစ် ဆုံးဖြတ်ရမည်။
(ခ) ပြစ်မှုကျုးလွန်သည့်အချိန်၌ အသက်(၁၆) နှစ်မပြည့်သေးသော ကလေးသူငယ်ကိုသာစစ်ဆေးစီရင်ခွင့်ရှိသည်။ကလေးသူငယ်မှုခင်းကို လက်ခံစစ်ဆေးခြင်းမပြုမိ ကလေးသူငယ်ဖြစ်ကြောင်းသတ်မှတ်ဆုံးဖြတ်ချက်ကို ရေးသားမှတ်တမ်းတင်ထားရမည်။
(ဂ) တရားစွဲဆိုတင်ပို့ခြင်းခံရသောကလေးသူငယ်အား အမှုစစ်ဆေးဆဲကာလအတွင်း ခံဝန်ချုပ်ဖြင့်လွတ်ထားခြင်းမိဘအုပ်ထိန်သူထံ စည်းကမ်းချက်ဖြင့်အပ်နှံခြင်း ယာယီစောင့်ရှောက်ရေးစခန်းသို့မဟုတ် အခြားသင့်လျှော်သည့်နေရာသို့ စည်းကမ်းခိက်ဖြင့်အပ်နှံခြင်းပြုရမည်။မည်သည့်အကြောင့်နှင့်မျှ ချုပ်မိန့်မပေးရ။
(ဃ) အမှုစစ်ဆေးဆဲကာလအတွင်းကလေးသူငယ်၏ အသက် ၁၆ နှစ်ပြည့်သွားစေကာမူ ယင်အမှုကိုစစ်ဆေးစိရင်းပြီးကလေးသူငယ်ဖြစ်ပြီသကဲ့သို့မှတ်ယူကာ ဤဥပဒေနှင့်အညီ အမိန့်ချမှတ်ခြင်းပြုရမည်။
(င) သေဒဏ် တစ်သက်တစ်ကျွန်းဒဏ်သို့မဟုတ် ထောင်ဒဏ် ၃ နှစ်အထက်ပြစ်ဒဏ်ချမှတ်နိုင်သော ကလေးသူငယ်မှုခင်းများကို ဝရမ်းမှုစစ်ဆေးနည်းအတိုင်စစ်ဆေးစီရင်ရမည်။
(စ) ပုဒ်မခွဲ (င) ပါမှုခင်းမျိုးမှတစ်ပါး အခြားကလေးသူငယ်မှုခင်းများကို သမ္မာန်မှုစစ်ဆေးသည့်နည်းလမ်းအတိုင်စစ်ဆေးရ
မည်။
ပုဒ်မ ၄၂ တွင် ကလေးသူငယ်မှုခင်းများစစ်ဆေးသည့်အခါ လိုက်နာရမည့်အချက်များကိုဖော်ပြထားသည်။
(က) သီးခြားရုံးအဆောက်အုံး၌ ဖြစ်စေသီးခြာရုံးအဆောက်အအုံးမရှိလျှင်အမှုစစ်ဆေးနေကျမဟုတ်သော အဆောက်အအုံးသို့မဟုတ် အခန်း၌ဖြစ်စေ စစ်ဆေးရမည်။
(ခ) အမှုစစ်ဆေးသည့်နေရာ၌ မိဘအုပ်ထိန်သူများ တရာရုံးဝန်ထမ်းများဥပဒေအရာရှိများ ၀တ်စုံဆင်မြန်းထားခြင်းမရှိသည့် တာဝန်ကျရဲတပ်ဖွဲဝင်များ အမှုနှင့်တိုက်ရိုက်သက်ဆိုင်သူများ
တရာရုံး၏ ခွင့်ပြုချက်ရရှိသူများမှတစ်ပါးအခြားမည်သူမျှမရှိစေရ။
(ဂ) ကလေးသူငယ်သို့မဟုတ် ယင်းတို့၏မိဘ အုပ်ထိန်သူတို့က ရှေ့နေငှားရမ်းခြင်းမပြုနိုင်ဤ သို့မဟုတ် ငှားရမ်းခြင်း မပြုလို
၍ သင့်လျှော်သူတစ်ဦးဦး၏ အကူအညီဖြင့် အမှုကို ခုခံချေပလိုကြောင့်လျှောက်ထားလာပါကခွင့်ပြုရမည်။
(ဃ) လိုအပ်ပါက စကားပြန်ရရှိစေရန်ဆောင်ရွက်ရမည်။
(င) နှောင်းနှေး ကြန့်ကြာခြင်းမရှိစေဘဲအမြန်ပြီပြတ်အောင် စစ်ဆေးစီရင်ရမည်။
Credit: Law Officer Family
Comments
Post a Comment