Posts

Showing posts from June, 2018

ရထားစီးနင်းသူများ လိုက်နာရမည့် အချက်

 မည်သူမျှ - (က) ရထားပေါ်တွင်ပါရှိသော အရေးပေါ်ကိရိယာကို  ခိုင်လုံသောအကြောင်းမရှိဘဲ အသုံးမပြုရ၊ (ခ) ရထားတွင်ရှိသော ဆက်သွယ်ရေးစနစ်နှင့် ပစ္စည်းကီိယာကို နှောက်ယှက်ခြင်း၊ ဖျက်ဆီးခြင်း မပြုရ။ (ဂ) ရထားစတင်ထွက်ခွာစဉ် ရထားပေါ်သို့ ခုန်တက်ခြင်း သို့မဟုတ် ရထားမရပ်မီ ခုန်ဆင်းခြင်း မပြုရ။ (ဃ) ရထား အမိုး၊ အကာ၊ ခြေနင်း၊ တွဲများအကြားနှင့် ခွင့်ပြုချက်မရှိသောနေရာများပေါ်တွင် စီးနင်းလိုက်ပါခြင်းမပြုရ၊ (င) ရထားပေါ်တွင် အခြားသူစိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ အနှောက်အယှက်ပေးခြင်း မပြုရ။ (စ) ရထားပေါ်နှင့် ရထားနယ်နမိတ်အတွင်း တောင်းရမ်းစားသူ၊ ခွင့်ပြုချက်မရဘဲ ဈေးရောင်းသူ သို့မဟုတ် နေထိုင်သူအား ထွက်ခွာသွားရန် တာဝန်ရှိရထားဝန်ထမ်းက ညွှန်ကြားသည်ကို ငြင်းဆန်ခြင်းမပြုရ၊ (ဆ) တာဝန်ရှိရထားဝန်ထမ်းကို ဝတ္တရား နှောက်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်း မပြုရ၊ (ဇ) ရထားလမ်းနှင့် ကားလမ်းဖြတ်သန်းသည့်နေရာ၌ ရထားလာသည့်အခါ ဂိတ်ပိတ်ထားသည်ကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ဖြတ်သန်းခြင်း၊ ရထားဖြတ်သန်းပြီးသည့်အခါ ဂိတ်ဖွင့်ထားသည်ကို ပိတ်ခြင်းမပြုရ။        ဖောက်ဖျက်ကျူးလွန်ကြောင်းပြ...

ယာဉ်မောင်းသူများအတွက် သိကောင်းစရာ

Image
မည်သူမဆို မော်တော်ယာဉ်နှင့်ပတ်သတ်၍ အောက်ပါတစ်ခုခုကို မပြုလုပ်ရ - ယာဉ်အကူလက်မှတ်မရှိဘဲ ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ - စိတ်ဖြစ်စေ၊ ကိုယ်ဖြစ်စေ မော်တော်ယာဉ်ကို မောင်းနှင်ရန် သင့်လျော်ခြင်းမရှိသည့်အခါမောင်းနှင်ခြင်း၊ - သတ်မှတ်ထားသည့် ဝန်တင်အားထက်ပိုသော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ - မော်တော်ဆိုင်ကယ်စီးနင်းစဉ် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်၍ မောင်းနှင်းမှုမပြုခြင်း၊ - မော်တော်ယာဉ်မောင်းနှင်စဉ် ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများသည် အသက်ကယ်ထိုင်ခုံခါးပတ် မပတ်ခြင်း၊ - ခြေကျင်လမ်းကူနေရာနှင့်သက်ဆိုင်သည့်နည်းဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဆန့်ကျင်မောင်းနှင်ခြင်း၊ - ဥပဒေနှင့်အညီအခွင့်အာဏာမဟုတ်ဘဲ သို့မဟုတ် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည်၊ ရုပ်သဏ္ဍာန်ပျက်စေသည်အထိ ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် စက်ကရိယာတစ်စိတ်တစ်ဒေသကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် မော်တော်ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ်ပါ အနေအထားများကို ပြုပြင်ပြောင်းလဲခြင်း၊ - မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန် သို့မဟုတ် အိတ်ဇောအသံထိန်းကိရိယာမပါဘဲ မောင်းနှင်းခြင်း တို့ကိုဖောက်ဖ...