ရထားစီးနင်းသူများ လိုက်နာရမည့် အချက်


မည်သူမျှ -
(က) ရထားပေါ်တွင်ပါရှိသော အရေးပေါ်ကိရိယာကို  ခိုင်လုံသောအကြောင်းမရှိဘဲ အသုံးမပြုရ၊

(ခ) ရထားတွင်ရှိသော ဆက်သွယ်ရေးစနစ်နှင့် ပစ္စည်းကီိယာကို နှောက်ယှက်ခြင်း၊ ဖျက်ဆီးခြင်း မပြုရ။

(ဂ) ရထားစတင်ထွက်ခွာစဉ် ရထားပေါ်သို့ ခုန်တက်ခြင်း သို့မဟုတ် ရထားမရပ်မီ ခုန်ဆင်းခြင်း မပြုရ။

(ဃ) ရထား အမိုး၊ အကာ၊ ခြေနင်း၊ တွဲများအကြားနှင့် ခွင့်ပြုချက်မရှိသောနေရာများပေါ်တွင် စီးနင်းလိုက်ပါခြင်းမပြုရ၊

(င) ရထားပေါ်တွင် အခြားသူစိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ အနှောက်အယှက်ပေးခြင်း မပြုရ။

(စ) ရထားပေါ်နှင့် ရထားနယ်နမိတ်အတွင်း တောင်းရမ်းစားသူ၊ ခွင့်ပြုချက်မရဘဲ ဈေးရောင်းသူ သို့မဟုတ် နေထိုင်သူအား ထွက်ခွာသွားရန် တာဝန်ရှိရထားဝန်ထမ်းက ညွှန်ကြားသည်ကို ငြင်းဆန်ခြင်းမပြုရ၊

(ဆ) တာဝန်ရှိရထားဝန်ထမ်းကို ဝတ္တရား နှောက်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်း မပြုရ၊

(ဇ) ရထားလမ်းနှင့် ကားလမ်းဖြတ်သန်းသည့်နေရာ၌ ရထားလာသည့်အခါ ဂိတ်ပိတ်ထားသည်ကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ဖြတ်သန်းခြင်း၊ ရထားဖြတ်သန်းပြီးသည့်အခါ ဂိတ်ဖွင့်ထားသည်ကို ပိတ်ခြင်းမပြုရ။

       ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သောင်းမှ၊ အများဆုံးကျပ်တစ်သိန်းထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊

Eugenia Myanmar မှ တင်ဆက်သည်…

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card