ယာဉ်မောင်းသူများအတွက် သိကောင်းစရာ




မည်သူမဆို မော်တော်ယာဉ်နှင့်ပတ်သတ်၍ အောက်ပါတစ်ခုခုကို မပြုလုပ်ရ

- ယာဉ်အကူလက်မှတ်မရှိဘဲ ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊

- စိတ်ဖြစ်စေ၊ ကိုယ်ဖြစ်စေ မော်တော်ယာဉ်ကို မောင်းနှင်ရန် သင့်လျော်ခြင်းမရှိသည့်အခါမောင်းနှင်ခြင်း၊

- သတ်မှတ်ထားသည့် ဝန်တင်အားထက်ပိုသော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊

- မော်တော်ဆိုင်ကယ်စီးနင်းစဉ် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်၍ မောင်းနှင်းမှုမပြုခြင်း၊

- မော်တော်ယာဉ်မောင်းနှင်စဉ် ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများသည် အသက်ကယ်ထိုင်ခုံခါးပတ် မပတ်ခြင်း၊

- ခြေကျင်လမ်းကူနေရာနှင့်သက်ဆိုင်သည့်နည်းဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဆန့်ကျင်မောင်းနှင်ခြင်း၊

- ဥပဒေနှင့်အညီအခွင့်အာဏာမဟုတ်ဘဲ သို့မဟုတ် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည်၊ ရုပ်သဏ္ဍာန်ပျက်စေသည်အထိ ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် စက်ကရိယာတစ်စိတ်တစ်ဒေသကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် မော်တော်ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ်ပါ အနေအထားများကို ပြုပြင်ပြောင်းလဲခြင်း၊

- မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန် သို့မဟုတ် အိတ်ဇောအသံထိန်းကိရိယာမပါဘဲ မောင်းနှင်းခြင်း

တို့ကိုဖောက်ဖျက်ကျူးလွန်ပါက ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ၃၀၀၀၀ ကျပ် ထက် မပိုသောငွေဒဏ်ချမှတ်ခံရနိုင်သည်။

 Eugenia Myanmar မှ တင်ဆက်သည်…

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card