Posts

Showing posts from February, 2018

မိန်းမကလေးများအတွက် သိကောင်းစရာ

Image
(လွတ်လပ်စွာ Share  နိုင်ပါသည်)

ကုန်ထမ်းရင်း အသက်မွေးဝမ်းကျောင်း ပြုနေသူများ သိထားသင့်သည့်အချက်

Image
      ကုန်ထမ်းသူများသည် ကုန်ပစ္စည်းအား ပေါင်အလေးချိန်နှင့်တွက်လျှင် ၁၂၁ ပေါင်ထက် မကျော်လွန်စေရ။ ပိသာနှင့်တွက်ပါက ၃၃.၆ပိသာထက် မကျော်လွန်စေရ။ ကီလိုဖြင့်တွက်လျှင် ၅၅ကီလိုထက်မကျော်လွန်စေရတဲ့။ လူတစ်ယောက်ထမ်းရမဲ့ အလေးချိန်ကို ဥပဒေမှာ တိတိကျကျ သတ်မှတ်ထားပါတယ်။ ကုန်ထမ်းရင်း အသက်မွေးနေသူများ သိရှိနိုင်ပါစေ...

ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ.pdf

Image
Photo: GoOgLe 👇👇👇 ဤနေရာသို့နှိပ်၍ Downoad ဆွဲပါ… https://www.mediafire.com/download/6qybs804p9kccc6

ယောကျာ်းမှ မိန်းမကို တရားဝင်ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေပြီး၊ ထိုသို့ယုံသောကြောင့် မိမိနှင့် ကာမစပ်ယှက်စေခြင်း

Image
ရာဇသတ်ကြီး ပုဒ်မ ၄၉၃ ။   ။ မည်သည့်ယောကျာ်းမဆို၊ မိမိနှင့် တရားဝင်ထိမ်းမြားခြင်းမပြုသော မိန်းမကို မိမိနှင့် တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ထိုသို့ ယုံကြည်စေသဖြင့် မိမိနှင့် ကာမစပ်ယှက်စေလျှင် ထိုသူကို ၁၀ နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 🇲🇲  အမှုဖွင့်သောအခါ တရားခံကို ဝရမ်းထုတ်ရမည်။ အာမခံမပေးနိုင်၊ ကျေအေးခွင့်မရှိ။ 🇲🇲 ( အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို တရားဝင်ထိမ်းမြားပြီးဖြစ်သည်ဟု လှည့်ဖြား၍ ယုံကြည်စေသောကြောင့် အမျိုးသမီးက ကာမစပ်ယှက်ခွင့်ပြုလျှင် ဤပုဒ်မအရ အရေးယူနိုင်သည်။) 🇲🇲 ဤပုဒ်မသည် လိမ်လည်မှုတစ်မျိုးပင်ဖြစ်သည်။ အတုအယောင်လက်ထပ်ထိမ်းမြားမှုပြုခြင်းသည် လိမ်လည်ခြင်းပင်ဖြစ်၏။ 🇲🇲 မဟာမေဒင်ဥပဒေအရ မဟာမေဒင်ယောကျာ်း ၂ ဦး ရှေ့မှောက်တွင် ထိမ်းမြားလက်ထပ်ရမည်ဖြစ်သော်လည်း တရားလိုနှင့်တရားခံတို့သည် ဗလီဆရာတစ်ဦးရှေ့တွင် ထိမ်းမြားခဲ့သဖြင့် မဟာမေဒင်ဥပဒေအရ နည်းလမ်းမကျသော ထိမ်းမြားမှုသာဖြစ်၍ တရားမဝင်သော ထိမ်းမြားမှုမဟုတ်သောကြောင့် ယခုပုဒ်မနှင့် အကျုံးမဝင်ဟု ၁၉၈၃ ခုနှစ်၊ မြန်မာပြည်စီရင်ထုံး၊ စာ ၁၂၈၊ ဦးဖိုစိန်နှင...

တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား

Image
တိုက်ခန်းဝယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ) | 4 February 2018 ''တိုက်ခန်းအရောင်းအဝယ် မှာ အခွန်ဆောင်ရပါသလား''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးလာပါသည်။ ''တိုက်ခန်း ဝယ်ရောင်းလုပ်ဖို့ စိတ်ကူးလို့လား'' စာရေးသူက မိတ်ဆွေအား မေးလိုက်ခြင်းဖြစ်သည်။ ''ဝယ်ရောင်းဆိုတဲ့ ရည်ရွယ် ချက်နဲ့တော့ မဟုတ်ဘူး။ ဒါပေ မယ့် အခုကာလက တိုက်ခန်းတွေ အဝယ်မလိုက်တော့ ဈေးသင့်တာနဲ့ ဝယ်ထားမလားစိတ်ကူးလို့ပါ''  ''မှန်ပါတယ်။ အရင်ကာလ ထက်တော့ အိမ်ခြံမြေတိုက်ခန်း တွေ အရောင်းအေးနေတာအမှန် ပဲ''  ''အချို့က ပြောတော့ အိမ် ခြံ မြေ ဝယ်ရင် အခွန်ဆောင်တဲ့ အ တိုင်း တိုက်ခန်းဝယ်ရင်လည်း အ ခွန်ဆောင်ရမယ်လို့ ပြောတာနဲ့ သူ ငယ်ချင်းဆီလာဆွေးနွေးတာ''   ''အေး၊ လောလောဆယ်က တော့ အခွန်ဆောင်ခြင်း၊ မဆောင် ခြင်းက အဓိက မဟုတ်ဘူး။ မိမိ ဝယ်မယ့် တိုက်ခန်းဟာ အရှုပ်အ ရှင်းကိစ္စတွေရှိ၊ မရှိ စုံစမ်းဖို့က အဓိကပဲ''  ''အကြမ်းဖျင်းပြောပြပါဦး၊ ဘယ်အချက်တွေကိုစုံစမ်းမေးမြန်း ထားရမယ်ဆိုတာ'' ''အခုဝယ်မယ်လို့ စဉ်းစား ထားတ...

ရဲအရေးပိုင်လျှင် တိုင်ချက် ချက်ခြင်းရေးပါ

Image
        ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများကို ရဲလက်စွဲအပိုဒ် ၁၄၁၄ နှင့်အညီ နှောင့်နှေးခြင်းမရှိဘဲ တိုင်ချက်ရေးဖွင့်ရန်ဖြစ်သော်လည်း ဆောင်ရွက်ပေးမှု မပြုခြင်းသည် ရဲလက်စွဲကို လိုက်နာရန် ပျက်ကွက်မှုဖြစ်ခြင်းး၊ ထိုပျက်ကွက်မှုကြောင့် တစ်စုံတစ်ယောက်၏ ဥပဒေရေးရာအခွင့်အရေးကို ထိခိုက်နစ်နာခြင်းဖြစ်ပါက အာဏာပေးစာချွန်တော် အမိန့်ထုတ်ဆင့်ရန်ဖြစ်ခြင်း ၂၀၁၃ခုနှစ်၊ ပြစ်မှုဆိုင်ရာအထွေထွေလျှောက်ထားမှုအမှတ်-၄၂

အရပ်ကတိစာချုပ်

Image
အရပ်ကတိ စာချုပ် ဥပဒေရေးရာအဖြာဖြာ အပိုင်း(၂၆) 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹 လမ်းဘေးဈေးဆိုင် ဆရာရယ် ...။ စာချုပ်တစ်စောင် ချုပ်ချင်လို့ပါ။ ဆရာ့အနေနဲ့ အသိသက်သေ လက်မှတ်ထိုးပေးပါ။ ဘယ်ရုံး၊ ဘယ်ဌာနကိုမှ မသွားချင်လို့ပါ။ လမ်းဘေးဈေးဆိုင်က ဝယ်လာတဲ့ ငါးကျပ်တန် တံဆိပ်ခေါင်း ပါလာပါတယ်။ အခုချက်ချင်း စာချုပ်ရေးပေးပါ။ ပြီးရင် နှစ်ဖက်သဘောတူ ပါတယ်။ မြန်မြန်ကလေး လုပ်ပေးပါနော် ...ဟုရင်းနှီးသော မိတ်ဆွေတစ်ဦးက ကျွန်တော်၏ ရုံးခန်းသို့လာပြီး အကူအညီတောင်းသည်။ ဖြည်းဖြည်းအေးအေး ကျွန်တော်က ''ခဏထိုင်ပါဦး၊ စာချုပ်ချုပ်တယ်ဆိုတာ ဖြည်းဖြည်းအေးအေး ရေးရ၊ချုပ်ရတယ်။  အချက်အလက်စုံ၊ မစုံသေသေချာချာ စိစစ်ရတယ်။ နှစ်ဖက်သဘော ထားကိုလည်း မေးမြန်းရတယ်။ နှစ်ဖက်သဘောတူမှ သက်သေ အစုံအလင်နဲ့ သဘောတူညီချက် ရေးရတာ။ ရေးသားချက်ကိုလည်း ပြန်ဖတ်ပြရတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်တွေ ရှိတယ်။ စာချုပ်စာတမ်း ဥပဒေရှိတယ်။ အလွယ်လုပ်ဖို့ မသင့်ဘူး။ အရပ်ကတိ စာချုပ်ချုပ်မပေးဘူး။ ဥပဒေနဲ့ အညီရေးတဲ့ စာချုပ်ဖြစ်ရမယ်။ ဒါမှရေရှည် တည်တံ့မယ်။ အသက်ဝင်မယ်။ ဒီလို၊ ဒီလိုရှိပါတယ်''ဟု အစချီကာ ဥပဒေနှင့် ညီညွတ်သော စာချုပ်အကြောင်း ကျွန်တော် ရှင်းပြသည်။ ကျွန်တေ...

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားသူ၏လိုအပ်ချက်

Image
        မော်တော်ယာဉ် တစ်စီးနှင့်ဖြစ်စေ၊ အများနှင့်ဖြစ်စေ အများပြည်သူသွားလာရာလမ်းပေါ်တွင် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလုပ်ကိုင်မည်ဆိုပါက လုပ်ငန်းလိုင်စင်လိုအပ်မည်ဖြစ်ပါသည်။ လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် အောက်ပါအချက်များနှင့်ပြည့်စုံရမည်ဖြစ်၏။ ၂၀၁၆ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားသူသည်- (၁) ကုန်းလမ်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ကုန်စည်ပျက်စီးမှု၊ ပျောက်ဆုံးမှု သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုအတွက် လုံလောက်စွာ ပေးလျော်နိုင်စွမ်းရှိသူဖြစ်ရမည်၊ (၂) ကုန်းလမ်းသယ်ယူကပို့ဆောင်ရေးလုပ်ငန်းအတွက် ဤဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများအရ သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့်ညီသူဖြစ်ရမည်၊ (၂) ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်မှုအတွက် နာမည်ပျက်စာရင်းထည့်သွင်းခံထားရသူ မဖြစ်စေရ၊ (၄) ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ (၅) သက်ဆိုင်ရာတရားရုံးက လူမွဲအဖြစ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူမဖြစ်စေရ၊ (ပုဒ်...

Our Android Application

Image
https://m.facebook.com/story.php?story_fbid=1896719183914855&id=1574694762783967