ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားသူ၏လိုအပ်ချက်

        မော်တော်ယာဉ် တစ်စီးနှင့်ဖြစ်စေ၊ အများနှင့်ဖြစ်စေ အများပြည်သူသွားလာရာလမ်းပေါ်တွင် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလုပ်ကိုင်မည်ဆိုပါက လုပ်ငန်းလိုင်စင်လိုအပ်မည်ဖြစ်ပါသည်။ လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် အောက်ပါအချက်များနှင့်ပြည့်စုံရမည်ဖြစ်၏။


၂၀၁၆ခုနှစ်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေ


ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားသူသည်-

(၁) ကုန်းလမ်းသယ်ယူပို့ဆောင်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ကုန်စည်ပျက်စီးမှု၊ ပျောက်ဆုံးမှု သို့မဟုတ် နှောင့်နှေးကြန့်ကြာမှုအတွက် လုံလောက်စွာ ပေးလျော်နိုင်စွမ်းရှိသူဖြစ်ရမည်၊

(၂) ကုန်းလမ်းသယ်ယူကပို့ဆောင်ရေးလုပ်ငန်းအတွက် ဤဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများအရ သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့်ညီသူဖြစ်ရမည်၊

(၂) ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်မှုအတွက် နာမည်ပျက်စာရင်းထည့်သွင်းခံထားရသူ မဖြစ်စေရ၊

(၄) ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊

(၅) သက်ဆိုင်ရာတရားရုံးက လူမွဲအဖြစ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူမဖြစ်စေရ၊ (ပုဒ်မ ၁၃)







Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card