Posts

Showing posts from 2018

ရထားစီးနင်းသူများ လိုက်နာရမည့် အချက်

 မည်သူမျှ - (က) ရထားပေါ်တွင်ပါရှိသော အရေးပေါ်ကိရိယာကို  ခိုင်လုံသောအကြောင်းမရှိဘဲ အသုံးမပြုရ၊ (ခ) ရထားတွင်ရှိသော ဆက်သွယ်ရေးစနစ်နှင့် ပစ္စည်းကီိယာကို နှောက်ယှက်ခြင်း၊ ဖျက်ဆီးခြင်း မပြုရ။ (ဂ) ရထားစတင်ထွက်ခွာစဉ် ရထားပေါ်သို့ ခုန်တက်ခြင်း သို့မဟုတ် ရထားမရပ်မီ ခုန်ဆင်းခြင်း မပြုရ။ (ဃ) ရထား အမိုး၊ အကာ၊ ခြေနင်း၊ တွဲများအကြားနှင့် ခွင့်ပြုချက်မရှိသောနေရာများပေါ်တွင် စီးနင်းလိုက်ပါခြင်းမပြုရ၊ (င) ရထားပေါ်တွင် အခြားသူစိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ အနှောက်အယှက်ပေးခြင်း မပြုရ။ (စ) ရထားပေါ်နှင့် ရထားနယ်နမိတ်အတွင်း တောင်းရမ်းစားသူ၊ ခွင့်ပြုချက်မရဘဲ ဈေးရောင်းသူ သို့မဟုတ် နေထိုင်သူအား ထွက်ခွာသွားရန် တာဝန်ရှိရထားဝန်ထမ်းက ညွှန်ကြားသည်ကို ငြင်းဆန်ခြင်းမပြုရ၊ (ဆ) တာဝန်ရှိရထားဝန်ထမ်းကို ဝတ္တရား နှောက်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်း မပြုရ၊ (ဇ) ရထားလမ်းနှင့် ကားလမ်းဖြတ်သန်းသည့်နေရာ၌ ရထားလာသည့်အခါ ဂိတ်ပိတ်ထားသည်ကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ဖြတ်သန်းခြင်း၊ ရထားဖြတ်သန်းပြီးသည့်အခါ ဂိတ်ဖွင့်ထားသည်ကို ပိတ်ခြင်းမပြုရ။        ဖောက်ဖျက်ကျူးလွန်ကြောင်းပြ...

ယာဉ်မောင်းသူများအတွက် သိကောင်းစရာ

Image
မည်သူမဆို မော်တော်ယာဉ်နှင့်ပတ်သတ်၍ အောက်ပါတစ်ခုခုကို မပြုလုပ်ရ - ယာဉ်အကူလက်မှတ်မရှိဘဲ ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ - စိတ်ဖြစ်စေ၊ ကိုယ်ဖြစ်စေ မော်တော်ယာဉ်ကို မောင်းနှင်ရန် သင့်လျော်ခြင်းမရှိသည့်အခါမောင်းနှင်ခြင်း၊ - သတ်မှတ်ထားသည့် ဝန်တင်အားထက်ပိုသော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ - မော်တော်ဆိုင်ကယ်စီးနင်းစဉ် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်၍ မောင်းနှင်းမှုမပြုခြင်း၊ - မော်တော်ယာဉ်မောင်းနှင်စဉ် ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများသည် အသက်ကယ်ထိုင်ခုံခါးပတ် မပတ်ခြင်း၊ - ခြေကျင်လမ်းကူနေရာနှင့်သက်ဆိုင်သည့်နည်းဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဆန့်ကျင်မောင်းနှင်ခြင်း၊ - ဥပဒေနှင့်အညီအခွင့်အာဏာမဟုတ်ဘဲ သို့မဟုတ် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည်၊ ရုပ်သဏ္ဍာန်ပျက်စေသည်အထိ ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် စက်ကရိယာတစ်စိတ်တစ်ဒေသကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် မော်တော်ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ်ပါ အနေအထားများကို ပြုပြင်ပြောင်းလဲခြင်း၊ - မော်တော်ဆိုင်ကယ်တွင် နောက်ကြည့်မှန် သို့မဟုတ် အိတ်ဇောအသံထိန်းကိရိယာမပါဘဲ မောင်းနှင်းခြင်း တို့ကိုဖောက်ဖ...

ကလေးသူငယ်ဥပဒေအကြောင်းတစ်စေ့တစ်စောင်း

Image
photo:google အောက်ပါကလေးသူငယ်သည် ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်ဖြစ်သည်- (၁)မိဘ သို့မဟုတ် အုပ်ထိန်းသူမရှိသောသူ၊ (၂)တောင်းရမ်းစားသောက်သူမိဘ၊ အုပ်ထိန်းသူတို့က ထိန်းသိမ်း၍ မရနိုင်လောက်အောင် ဆိုးသွမ်းသူ၊ (၃)ရက်စက်သော သို့မဟုတ် ယုတ်မာသော မိဘ၊ အုပ်ထိန်းသူ၏ ထိန်းသိမ်းမှုအောက်တွင်ရှိသူစိတ်ပေါသွပ်သူ၊ (၄)ကူးစက်တက်သောရောဂါစွဲကပ်နေသူမူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးသုံးစွဲသူလူမှုဝန်ထမ်းဦးစီးဌာနက အခါအားလျော်စွာသတ်မှတ်သူတို့ဖြစ်သည်။ ကလေးသူငယ်များရရှိသည့်အခွင့်အရေး ပုဒ်မ ၁၂  ။ ။  ကလေးသူငယ်တိုင်သည်- (က) မိဘ ၂ ပါး သို့မဟုတ်  ၁ ပါးပါး အသက်ရှင်လျင်ရှိပါက      ယင်းတို့နှင့်အတူနေထိုင်ကြီးပြင်းရန်အခွင့်အရေးရှိစေရမည်၊ (ခ) ယင်း၏ အကျိုးစီးပွားအတွက် ဥပဒေအရ ခွဲခွာနေထိုင်ရန်လိုအပ်သည့်အခါမှတစ်ပါး မိဘများနှင့်အတင်းအဓမ္မခွဲခွာမှုကို မခံထိုက်စေရ၊ (ဂ) ယင်း၏အကျိုးစီးပွားကို မထိခိုက်လျှင် ဥပဒေအရ ခွဲခွာနေထိုင်သော မိဘတို့နှင့် ပုံမှန်တွေ့ဆုံနိုင်ခွင့်ရှိစေရမည်၊ (ဃ) မိမိ၏ကိုယ်ခန္ဓာ သို့မဟုတ် ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ အုပ်ထိန်းမှု ခံပိုင်ခွင့်ရှိသည်။ ကလေးသူငယ်မျာ...

ပစ္စည်းလက်ရောက်ရလိုမှု

Image
ပစ္စည်းလက်ရောက်ရလိုမှု၊    ၊တရားလိုဘက်မှသက်သေထူရမည့်အချက်များ။       ဆုံးဖြတ်ချက်။   ။ လက်ရောက်ရလိုမှုတွင် တရားမစွဲမီ ၁၂ နှစ် အတွင်းက အချင်းဖြစ်ပစ္စည်းမှာ တရားလိုလက်ရှိဖြစ်ကြောင်းနှင့် တရားပြိုင်သည် ယင်းပစ္စည်းကို ဆိုင်ရေးဆိုင်ခွင့်မရှိဘဲ သိမ်းပိုက်ထားကြောင့် တရားလိုက သက်သေထူရန်ဖြစ်သည်။ eugeniamyanmar.blogspot.com တွင် ရေးသားထားသည့် ဥပဒေရေးရာသိကောင်းစရာများ၊ ဥပဒေဗဟုသုတများကို နေ့စဉ် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ----------------------------------။--------------------------------- Eugenia Myanmar မှ တင်ဆက်သည်။

သက်ငယ်မုဒိမ်းမှု၏အမြင့်ဆုံးပြစ်ဒဏ်နှင့်မုဒိမ်းပြုကျင့်သတ်ဖြတ်ခြင်း၏အမြင့်ဆုံးပြစ်ဒဏ်

Image
          ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးသာဌေးက မုဒိမ်းမှုနှင့်စပ်လျဉ်းပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်သည့်တရားခံကို ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်ထိဖြစ်စေ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါကြောင်း၊ သို့သော် တရားခံက အရွယ်မရောက်သေးသူ ကလေးသူငယ်ဖြစ်စေ၊ အရွယ်ရောက်ပြီးသူဖြစ်စေ မုဒိမ်းပြုကျင့်သတ်ဖြတ်ခံရမှုပေါ်ပေါက်ပါက တရားခံကို တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ်မှအပ အခြားပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိသဖြင့် သေဒဏ်ကို မလွဲမသေချမှတ်ရမည်ဖြစ်ပါကြောင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် ကျူးလွန်သည့်ပြစ်မှုများ များပြားလာကြောင်းတွေ့ရသဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ပြီး ပြစ်မှုများကို ခရိုင်တရားရုံးက လက်ခံစစ်ဆေးပြီးပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက တရားခံကိုထိရောက်ဟန့်တားသည့်ပြစ်ဒဏ် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ရန်၊ အဆိုပါအမှုများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အစီရင်ခံသွားရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်အောက်ခံတရားရုံးများသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ယင်းညွှန်ကြားချက်အတိုင်းဆောင်ရွက်လျက်ရ...

ဆိုလွှာချေလွှာနှင့်ပဏာမငြင်းချက်

Image
       အမှုပုံစံ မှန်မမှန်ကို အဓိကအားဖြင့် အဆိုအရ ဆုံးဖြတ်ရမည်ဖြစ်ပြီး တစ်ခါတရံ တရားလိုက အချက်အလက်များ ပြည့်ပြည့်စုံစုံမဖော်ပြသောကြောင့် တရားပြိုင်ကအချက်အလက်သစ်များဖော်ထုတ်ပြီး အမှုပုံစံမမှန်ဟု ထုချေတက်ကြပေသည်။ တရားပြိုင်ထုချေသည့် အချက်အလက်များကို တရားမကျင့်ထုံး အမိန့် ၈၊ နည်း ၉ အရ တရားလိုကို ဖြေကြားစေပြီး တရားလိုမှ ချေလွှာပါအချက်အလက်များကို ဝန်ခံလျှင် အမှုပုံစံ မှန်မမှန် ပဏာမငြင်းချက်ထုတ်၍ ဆုံးဖြတ်ရန်ဖြစ်သည်။

သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ

Image
မည်သူမဆို သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ပြိုကွဲပျက်စီးစေရန် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ ရေးသားဖြန့်ချိခြင်း မပြုရ။ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် ၆ လ မှ အများဆုံးထောင်ဒဏ် ၃ နှစ်ထိ ကျခံစေရမည်။ ပုဒ်မ ၁၃

အတိုးမပါသောစာချုပ်

Image
photo : Google      အတိုးနှုန်းယူရန် သဘောတူခဲ့ပါသော်လည်း  အတိုးနှုန်းငွေကို ငွေချေးစာချုပ်တွင် မဖော်ပြဘဲ ထိန်းဝှက်ထားပါက ၁၉၅၄ခုနှစ်၊ ငွေတိုးချေးစားသူများအက်ဥပဒေပုဒ်မ ၁၅ အရ စာချုပ်တစ်ခုလုံး ပျက်ပြယ်သည်။ ထိုစာချုပ်ကို အဓိကအားကိုးအားထားပြုပြီး ငွေရှင်မှ တရားစွဲဆိုပိုင်ခွင့်မရှိပေ။ www.fb.com/eugeniamyanmarlegalservice  တွင် ရေးသားထားသည့် ဥပဒေရေးရာသိကောင်းစရာများ၊ ဥပဒေဗဟုသုတများကို နေ့စဉ် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ----------------------------------။---------------------------------- Eugenia Myanmar မှ တင်ဆက်သည်။

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏အခွင့်အရေးများ

Image
လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် အောက်ပါအခွင့်အရေးများကို ရရှိစေရမည်-                                                        Photo : Google  (က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာ သည့် အကျိုးအမြတ်ကို ခံစားပိုင်ခွင့်၊  (ခ)  လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ဌားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့်ပေးကမ်းခွင့်၊  (ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်းပြီး အငြင်းပွားမှုပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊  (ဃ) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခ...

ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြစို့

Image
Photo - Google မည်သူမဆို မော်တော်ဆိုင်ကယ်စီးနင်းစဉ် ဆိုက်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်ပြီး မောင်းနှင်ခြင်းမပြုပါက ---- ၂၀၁၅ခုနှစ်၊  မော်တော်ယာဉ်ဥပဒေပုဒ်မ  ၆၂ အရ ၃၀၀၀၀( ကျပ်သုံးသောင်း)ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ (ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းဖြင့် မိမိအသက်အန္တရာယ်ကို မိမိကိုယ်တိုင် ကာကွယ်ကြပါစို့) Eugenia Myanmar မှ တင်ဆက်သည်။ www.facebook.com/eugeniamyanmarlegalservice      

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

Image
၁။ ၂၀၁၆ခုနှစ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ https://www.mediafire.com/file/bvs792s41k6kv94/-%E1%81%82%E1%81%80%E1%81%81%E1%81%86+%E1%80%B1%E1%80%84%E1%80%BC%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8+%E1%80%A5%E1%80%95%E1%80%B1%E1%80%92_0.pdf ၂။ ၂၀၁၆ခုနှစ်၊ စုပေါင်းပိုင်းအဆောက်အအုံဆိုင်ရာဥပဒေ https://www.mediafire.com/file/9t34gvk55x2sqs2/-%E1%81%82%E1%81%80%E1%81%81%E1%81%86+%E1%80%85%E1%80%AF%E1%80%B1%E1%80%95%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%A1%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%A1%E1%80%A1%E1%80%AF%E1%80%B6%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC+%E1%80%A5%E1%80%95%E1%80%B1%E1%80%92.pdf ၃။ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ https://www.mediafire.com/file/8r51jnr9oj7m7ao/.%E1%80%99%E1%80%9E%E1%80%94%E1%80%B9%E1%...

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ

https://my.pcloud.com/publink/show?code=XZE4t87Z5DdSjuKr31jI5WW2Sn0BNfdkc2MX

pCloud Link မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ

https://my.pcloud.com/publink/show?code=XZE4t87Z5DdSjuKr31jI5WW2Sn0BNfdkc2MX

လင်မယားအချင်းချင်းအပ်နှံထားသည့်ပစ္စည်းဖြစ်သော်လည်း ယုံကြည်အပ်နှံမှုမမြောက်ခြင်း

Image
         မြန်မာဓလေ့ထုံးတမ်းအရ လင်မယား ၂ ဦး အတူပိုင်ဆိုင်သည့်ပစ္စည်းတွင် လင်နှင့်မယားအတူပိုင်ဆိုင်သည့် အခွင့်အရေး ရှိသည့်အတွက် ထိုပစ္စည်းကို လင်က မယားသို့ဖြစ်စေ၊ မယားမှ လင်သို့ဖြစ်စေ အပ်နှံခြင်းသည် ရာဇသတ်ကြီး၊ ပုဒ်မ ၄၀၅ အရ ယုံကြည်အပ်နှံသည်ဟုဆိုရန် အကြောင်းမရှိ၍ ရာဇသတ်ကြီး၊ ပုဒ် ၄၀၆ အရ အရေးမယူနိုင်။ ဒေါ်အုံးကြည်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၂ ၁၉၉၉ခုနှစ်၊ မတစ၊ စာ- ၈၅ တင်သမျှ ဥပဒေရေးရာ သိကောင်းစရာများကို ၁။ www.facebook.com/eugeniamyanmarlegalservice  ၂။ eugeniamyanmar.blogspot.com           တွင်လည်းကောင်း ဖတ်ရှုနိုင်ပါသည်။

စာချုပ်၏စာမျက်နှာတိုင်းတွင်လက်မှတ်ရေးထိုးခြင်းအကျိုးကျေးဇူး

Image
Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ

ကလေးသူငယ်တရားစီရင်ရေး

Image
    လူကြီးများအပြစ်ကျုးလွန်သောအခါကျုးလွန်သော ပြစ်မှုအတိမ်အနက်ပေါ်မူတည်၍ ပြစ်ဒဏ်သတ်မှတ်လေ့ရှိသည်။ပြစ်မှုကျုးလွန်သော ကလေးသူငယ်များအပေါ်တွင် ပြစ်ဒဏ်ချမှတ်ရာ၌မူကားကျုးလွန်သောပြစ်မူ အကြီးအသေးအပေါ်မူတည်၍ အမိန်ချမှတ်ခြင်းမပြုရပါ။ ပြစ်မူကျုးလွန်သော ကလေးသူငယ်၏အကျင့်စာရိတ္တနှင့်ပတ်ဝန်ကျင်ပေါ်မူတည်၍ ကလေးသူငယ်အတွက်အကျိုးရှိမည့်ပြုပြင်ပြောင်ရေးသဘောသက်ရောက်သော အမိန်များကိုသာချမှတ်လေ့ရှိသည်။        ကလေးသူငယ်မှုခင်းများကို စစ်ဆေးရာ၌လည်း ပြဋ္ဌာန်းထားသောကလေးသူငယ် ဥပဒေများကိုလိုက်နာရသည်။ စစ်ဆေးပုံစစ်ဆေးနည်းများမှာလည်း လူကြီးမှုခင်းများ စစ်ဆေးပုံနှင့်မတူပဲ ကွဲပြားခြားနားသည်။ ထိုကြောင့်ကလေးသူငယ်များကို သီခြားစီ စီရင်ရသည်။ ၁၉၃၀ခုနှစ်တွင် The Young Offender Act ကိုလည်းကောင်း ၁၉၅၅ ခုနှစ်တွင်ကလေးသူငယ်များအက်ဥပဒေ ကိုလည်းကောင်းပြဋ္ဌာန်း၍ စစ်ဆေးစိရင်ခဲ့သည်။                   ယခုအခါ အထက်ပါကလေးသူငယ်များအတွက် ပြဠာန်းထားသောဥပဒေနှစ်ရပ်ကိုရုပ်သိမ်းလိုက်ပြီ ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေ ကိုပြဠာန်းခဲ့၏။ဤကလေးသူငယ် ဥပဒေ၏ ရည်ရည်ချက်ကို အောက်ပါအတိုင်ဖော်ပြထားပါသည်။...

MediaFire link: ဘာသာသာသနာဆိုင်ရာပြစ်မှုများ.pdf

Image
ဘာသာရေးနှင့်ပတ်သတ်၍ သိထားသင့်သည့် ဥပဒေ၊ ပုဒ်မများ https://www.mediafire.com/download/lpe8r27n7twkwob

မိန်းမကလေးများအတွက် သိကောင်းစရာ

Image
(လွတ်လပ်စွာ Share  နိုင်ပါသည်)