သာကေတမြို့နယ်နှင့်ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန်လ ၂
မေလ ၃၀ ရက်က သာကေတမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်(တောင်)၊ ဇေယျာဝတီ (၁)လမ်းနေ ရဲထွန်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၂၁၀ ပြား၊ မြန်မာငွေ ၆၉၀၀၀ ကျပ် နှင့် လက်ကိုင်ဖုန်း တစ်လုံး သိမ်းဆည်းရမိခဲ့သည့် အမှုနှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက်က ရဲထွန်း ငှားရမ်း နေထိုင်သည့် ဒဂုံဆိပ်ကမ်းမြို့နယ် (၉၄) ရပ်ကွက်၊ အေ/၁၄ လမ်း၊ တိုက် ၁၆၊ အခန်း ၂၀၄ ကို ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၉၉ ပြား ကို ထပ်မံသိမ်းဆည်း ရမိခဲ့ပြီး အမှုမှကွင်းဆက်တရားခံ မိုးလွင် နေထိုင်သည့် သာကေတမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်(တောင်)၊ သလ္လာဝတီ(၅)လမ်း၊ အိမ်အမှတ်(၅၆၈)နေအိမ်ကို ဆက်လက် ရှာဖွေရာ မူးယစ်ဆေးဝါးမတွေ့ရှိဘဲ မိုးလွင်အား ဖမ်းဆီးရမိခဲ့သဖြင့် ရဲထွန်း(၅၀)နှစ် နှင့် မိုးလွင်(၅၄)နှစ် တို့ နှစ်ဦးအား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Comments
Post a Comment