ဖဲဝိုင်း၊ လောင်းကစားဝိုင်းနှင့် ဝေးရာတွင်နေပါ။ ကိုယ်မဆော့လည်းကြည့်နေရုံနှင့်အဖမ်းခံရနိုင်ပါသည်။

ဖဲလောင်းကစားပြုလုပ်သူများနှင့် ဖဲဝိုင်းဘေးတွင် ရောက်ရှိနေသူများအား အရေးယူထား
နေပြည်တော်၊ ဇွန် ၂၉
 ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်နေ ဇေယျသူ(၂၃)နှစ်၏ နေအိမ်တွင် ဖဲလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဟုမ္မလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ရာ နေအိမ်၌ အိမ်ရှင် ဇေယျသူနှင့် တစ်ရပ်ကွက်တည်းနေ နေထက်လင်း(ခ)ကျော်သက်ထွန်း(၁၈)နှစ်တို့အား ဖဲဝိုင်းဘေးတွင် တွေ့ရှိရပြီး ဖဲလောင်းကစားနေသော ခိုပဲဝရပ်ကွက်နေသူများဖြစ်သည့် တင်အောင်မိုး (၃၆)နှစ်၊ ရန်ဇော်(၂၂)နှစ်၊ ကျော်မင်းထွန်း(၃၃)နှစ်နှင့် ကြည်ဆွေလင်း(ခ)ပေါကြည်(၁၈)နှစ်တို့အား ဖဲလောင်းကစားရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ(၅၁၃,၀၀၀)တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ဇေယျသူ ပါ(၆)ဦးတို့အား ဟုမ္မလင်းမြို့မရဲစခန်း(ပ)၃၁၃/၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ref: ရဲဇာနည်

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card