အိမ်ငှားရမ်းခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ပညာပေးကာလ ကျော်လွန်ပါက စစ်ဆေး အရေးယူမှုများ ပြုလုပ်မည်


မန္တလေး

မန္တလေး   ဇွန်   ၂၈

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ နေအိမ်ငှားရမ်းသည့် အိမ်ရှင်များကို အိမ်ငှားရမ်းခွင့် လုပ်ငန်း လိုင်စင်ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ပညာပေး ကာလကျော်လွန်ပါက စိစစ်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

''မန္တလေးမှာ အိမ်ငှားလုပ်ငန်း လိုင်စင်ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ စတင်ပါတယ်။ ဧပြီ်လကနေ ဇွန်လအထိ ပညာ ပေးကာလ သတ်မှတ်ပေးထားတာပါ။ ဒီတော့ ဇွန်လအထိ မလျှောက်ရသေးဘူးဆိုရင် အရေးမယူသေးပါဘူး။ ဇွန်လ ကုန်တာနဲ့ လိုင်စင်မလျှောက်ထားတာကို စစ်ဆေးတွေ့ရှိရင်တော့ အရေးယူ မှာပါ''ဟု မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနစုမှူး ဒေါ်ဝင်းမင်းသန့်က ပြောသည်။

ဇွန်လ ဒုတိယပတ်အထိ အိမ်ငှားရမ်းခွင့် လုပ်ငန်းလိုင်စင် ပြုလုပ်ရန် လျှောက်လွှာဝယ်ယူသူ ၄ဝဝ ကျော်ရှိကာ  တချို့မှာ စိစစ်ဆဲဖြစ်သောကြောင့် လိုင်စင်ချမေ ပးရသေးကြောင်း သိရသည်။ အိမ်ရှင်အိမ်ငှားလိုင်စင်ကို စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆ဝ အတွင်း လျှောက်ထားရမည်ဖြစ်ကာ လိုင်စင်မဲ့အိမ်ငှားထားသည်ကို စစ်ဆေးတွေ့ရှိပါက စည်ပင် ဥပ ဒေအရ ငွေကျပ် ၁ဝဝဝဝ မှ ၅ဝဝဝဝ အထိ ဒဏ်ရိုက်မည်ဖြစ်ရာ ယင်းကဲ့သို့ ဒဏ်ရိုက်ပြီးချိန်တွင် လိုင်စင်ဆက်လက် မလုပ်ေ ဆာင်ပါက တရားစွဲဆိုမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အိမ်၊ အဆောင် စသည်တို့ငှားရမ်းမှုများနှင့် စပ်လျဉ်း၍ အိမ်ပိုင်ရှင်က လိုင်စင်လျှောက်ထားခြင်း ရှိ၊ မရှိ၊ မည်သည့်နေရာ၌ ငှားရမ်းနေထိုင်သည် စ သည်ဖြင့် သိရှိနိုင်ရန် လွယ်ကူနိုင်မည် မဟုတ်ကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။ အိမ်ငှားရမ်းခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားလိုသူများ အနေဖြင့်  မှတ်ပုံတင်မိတ္တူ၊ အိမ် ထောင်စုစာရင်းမိတ္တူ၊ နေအိမ် သို့မဟုတ် မိမိပိုင်ဆိုင်သည့် မြေပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းနှင့် ငှား ရမ်းထားသော စာချုပ်ကိုပြသ၍ လျှောက်ထားရမည်ဖြစ်သည်။

အိမ်ငှားစာချုပ်တွင် ပါဝင်သော ငှားရမ်းခတန်ကြေးငွေနှင့် ငှားရမ်းထားသည့် သက်တမ်းပေါ် မူတည်ကာ  နေအိမ်ငှား ရမ်းခ အခွန်၅ ရာခိုင်နှုန်းပေးဆောင်ရခြင်း ဖြစ်ကြောင်းသိရသည်။

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card