ဥပဒေတွေကို Eugenia Myanmar မှ ဘာကြောင့်အချိန်ကုန်ခံ၊ ငွေကုန်ခံ တင်ပေးနေရသလည်းဆိုတာသင်သိပါသလား?

ကျွန်တော်တို့ နေ့စဉ် လူနေမှုဘဝထဲမှာ စားဝတ်နေရေးအတွက် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများနှင့် ပြည့်နှက်နေပြီး ဘဝရပ်တည်ချက်အတွက် အနိုင်နိုင်ကြိုးစားနေရသည်မဟုတ်ပါလေား။ ထိုသို့ လောကအလယ် ကြိုးစားရုန်းကန်နေပါသော်လည်း ထမင်းတစ်နပ်၊ ရေလေးသောက်ဖို့ အနိုင်နိုင်ကြိုးစားနေရပြီ။ ကိုယ့်နိုင်ငံ၊ ကိုယ့်မြေမှာနေပြီး ကျူးကျော်အမည်နာမ ခေါ်ထွင်ခြင်းခံနေရသူများလည်း အများသားလေ။ နေ့စဉ်ဘဝအတွက် ငွေကြေးရှာဖွေနေသော်လည်း တစ်ကိုယ်ရေ ရပ်တည်မှု၊ မိသားစု ရပ်တည်မှုအတွက် မပြည့်စုံ၊ မလုံလောက်သောအခါ အလွယ်နည်းလမ်းများနောက် ကောက်ကောက်ပါအောင် လိုက်ကြတော့၏။ လမ်းမှားနောက်သို့ လိုက်သူများက ခိုး၊ ဆိုး၊ လု၊ နှိုက်တည်းဟူသော အလုပ်များနှင့် ဘဝကို ပိုမိုလွယ်ကူစွာဖြတ်သန်းနေသောကြောင့် media စာမျက်နှာပေါင်းစုံတွင် ဖမ်းဆီးအရေးခြင်းများ ခံရပေတော့သည်။ ထိုအရာများသည် ငွေကြေးမပြည့်စုံခြင်းဟူသော အရင်းခံအကြောင်းများထဲမှတစ်ခုပင်ဖြစ်တော့သည်။ အချိုသောလူများကလည်း မပြည့်စုံသော ငွေကြေးနောက်သို့လိုက်ရင်း အပိုဝင်ငွေဟုခေါင်းစဉ်တပ်ကာ တစ်ဘက်တစ်လမ်းက ဝင်ငွေများထပ်မံကြိုးစားရှာဖွေစုဆောင်းကြပေသည်။ ထိုသို့စုဆောင်းသော်လည်း မိမိကိုယ်တိုင်က ဥပဒေနှင့် ဝေးကွာခြင်း၊ အထွေထွေဗဟုသုတနည်းပါးခြင်း၊ငွေရလွယ်ခြင်းတို့ကြောင့် ကိုယ်ကိုယ်တိုင်မသိသည့်ဥပဒေနှင့်မလွတ်သော အလုပ်များကိုလုပ်မှန်းမသိ လုပ်နေမိ၏။ ရိုးသားကြိုးစားသောလူဖြစ်သော်လည်း ဥပဒေနှင့်မလွတ်ကင်းသည့်အလုပ်များလုပ်မိသောကြောင့် နိုင်ငံတော်မှပေးအပ်သည့်ပြစ်ဒဏ်များခံစားခဲ့ရပေတော့သည်။ မိမိရော မိမိပတ်ဝန်းကျင်မှာပါ  ကိုသိသော၊ ကိုတက်သော အလုပ်သည် ကာလအချိန်အခါကိုလိုက်၍ ဥပဒေနှင့်ငြိစွန်းနေသည်ကိုဃဂနဏ သိရှိသူအတော်ပင်နည်းပါးလှပေသည်။ မသိသောကြောင့်လည်း တရားတစ်ဘောင်ဖြစ်၍ ဒုက္ခရောက်နေရသူများကို တွေ့မြင်နေရခြင်းဖြစ်သည်။ ဥပဒေကိုမသိသော၊ ဥပဒေကို နားမလည်သောသူများအား ဥပဒေအလင်းဖြန့်ဝေပေးရန်ကျွန်တော်တို့လို့ဥပဒေသိသူများရဲ့တာဝန်ဟုသာခံယူထားပါသည်။ နမူနာအနေနှင့် သင်သည် ငါးအလှမွေးသည့်လုပ်ငန်းလုပ်သည်ဆိုပါဆို။ သင့်အလုပ်သည် ဥပဒေနှင့် ညီညွတ်ပါရဲ့လား။ နောက်ဥပမာအနေနဲ့ သင်သည် အသားထုတ်လုပ်ရောင်းချသူဆိုပါဆို သင်နေသောအိမ်သည်။ အသားထုတ်လုပ်ခွင့်ပေးထားသောမြို့ဖြစ်သလား။ သင့်အလုပ်က ဥပဒေနှင့်ညီညွတ်ပါရဲ့လား။ ဥပဒေနှင့်မညီလျှင်။ သင်ဘာတွေဖြစ်နိုင်သလည်း။ ဒါတွေကို သင်မသိနိုင်ပေမဲ့ သိသောသူများမှ ဥပဒေအသိဝေမျှပေးပါက သင်ရောသင့်ပတ်ဝန်းကျင်မှာ ဥပဒေအလင်းလွှမ်းခြုံနိုင်ပြီး။ ဒေါသ၊ မောဟ၊ မာန်မာနများပျောက်ကာ ကြည်နူးပျော်ရွှင်ရင်း ....

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card