ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူ နှစ်ဦးကို ဖမ်းမိ

တောင်ဥက္ကလာပမြို့နယ်တွင် ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူ နှစ်ဦးကို သက်ဆိုင်ရာက
ဇွန်လ ၂၅ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။
အဆိုပါနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ အမျိုးသမီတစ်ဦးသည် နေအိမ်မှ
သံသုမာလမ်းပေါ်ရှိ ပါရမီဆေးဆိုင်သို့ ဆေးဝယ်ယူပြီး၊ စက်ဘီးဖြင့် နေအိမ်သို့ ပြန်လာစဉ်
ယဿဝတီလမ်းထိပ် အရောက်၌ နောက်ဘက်မှ အမျိုးသားနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်
လိုက်ပါလာပြီး ၎င်းစီးနင်းလာ သောစက်ဘီးရှေ့ခြင်းအတွင်းမှ Kenbo အမျိုးအစား လက်ကိုင်ဖုန်းနှင့်
ကျပ် ၁၃,၀၅၀ တို့ကို ဆွဲယူမောင်းနှင်ထွက်ပြေးသဖြင့် ပတ်ဝန်းကျင်ကို အကူညီတောင်းခံခဲ့သည်။
ထိုသို့အကူညီတောင်းခံစဉ် လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်နေ ပြည်သူများက
လုယူသွားသူ နှစ်ဦးကို လိုက်လံ ဖမ်းဆီးခဲ့စဉ် လုယူသွားသူများ မောင်းနှင်သော ဆိုင်ကယ်မှာ
၎င်းနေရာအနီး၌ လဲကျသွားသဖြင့် သက်သေခံပစ္စည်းများနှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ
စာကလေး(ခ)ကျော်မျိုးထက်၊ (၂၇)နှစ်နှင့် စည်သူနောင်၊ (၂၆)နှစ်တို့ကို ဖမ်းဆီးမိခဲ့သည်။
၎င်းတို့ နှစ်ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၆၂၄ /၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့်
အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးလျက်ရှိသည်

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card