Posts

Showing posts from January, 2018

စာချွန်တော်အမိန့်(၂)

Image
စာချွန်တော်အမိန့်အဆက်        စာချွန်တော်အမိန့်လျှောက်ထားသောအခါ နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများ ပေါ်ပေါက်ကြောင်း ကြေငြာသည့်ဒေသတွင် စာချွန်တော်အမိန့်လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်။         စာချွန်တော်အမ်န့်လျှောက်ထားရာတွင် လျှောက်ထားသူမှ ဥပဒေနှင့်မိမိရထိုက်ခွင့်ရှိသည့် သက်သာခွင့် သို့မဟုတ်မိမိအတွက်နစ်နာဆုံးရှုံးမှုဖြစ်စေသောအကြောင်းခြင်းရာများကို ပြည့်စုံစွာ ရေးသားရမည့်အပြင် စာချွန်တော်အမိန့်လျှောက်ထားရာတွင် ထုတ်ပြန်ထားသည့် စည်းကမ်းများ၊ နည်းလမ်းများကို လိုက်နာပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့လျှောက်ထားလွှာတင်သွင်းရမည်။         စာချွန်တော်အမိန့်လျှောက်ထားလွှာတွင် လျှောက်ထားခံသူ သို့ဟုတ် အဖွဲ့အစည်း သို့မဟုတ် ဌာနအမည် ပါရှိရမည်။ မိမိလျှောက်ထားသည့် စာချွန်တော်အမိန့်လျှောက်ထားလွှာနှင့် သင့်တော်ဆီလျော်သည့် စာချွန်တော်အမိန့်တစ်ရပ် ထုတ်ပေးစေလိုကြောင်းလည်း ရေးသားဖော်ပြ၍ ပါရှိစေရမည်။          လျှောက်ထားလွှာနှင့်အတူ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ ကျမ်းကျိန်လွှာများြ...

စာချွန်တော်အမိန့်

Image
 ပြည်ထောင်စုလွှတ်တော်ချုပ်သည် အောက်ပါစာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်အာဏာရှိသည်- ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော်အမိန့်၊ အမှုခေါ် စာချွန်တော်အမိန့်။ ရှေ့တော်သွင်း စာချွန်တော်အမိန့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတရားရုံးတစ်ရုံးရုံးတွင်သို့မဟုတ် အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ထိန်းသိမ်းချုပ်နှောင်ထားသူကို စာချွန်တော်ရုံးသို့ခေါ်ဆောင်စေပြီး ဥပဒေနှင့်အညီ ချုပ်နှောင်ထားခြင်းရှိမရှိ စိစစ်ကြားနာ၍  ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ရေးသားထုတ်ပြန်သည့်အမိန့်စာဖြစ်သည်။ အာဏာပေးစာချွန်တော်အမိန့် တရားဝင်အခွင့်အာဏာရှိသူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရဌာနတစ်ခုခုကဖြစ်စေ အပ်နှင်းထားသောလုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပဒေနှင့်အညီ လိုက်နာဆောက်နိုင်စေရန် ရေးသားထုတ်ြ ပန်သည့်အမိန့်စာဖြစ်သည်။ တားမြစ်စေ စာချွန်တော်အမိန့် တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှုသဘော သက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏  စီရင်ဆောင်ရွက်မှုတွင် စီရင်ခွ...

အကြမ်းဖက်သမား

Image
၂၀၁၄ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ။  ။  အကြမ်းဖက်သမားဆိုသည်မှာ -- (၁)အကြမ်းဖက်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့် ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန် အားထုတ်သူကိုလည်းကောင်း၊ (၂) အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုလည်းကောင်း၊ (၃) အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်းဆိုလိုသည်။ (ဆက်ရန်) Credit: U Myo Thant {Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}

မီနာမီ(ခ)အမည်ငှားစနစ်

Image
        မီနာမီ ခေါ် နာမည်ငှားစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်သော ကိစ္စများတွင် အောက်ပါအချက်အလက်များအပေါ် မူတည်၍ စဉ်းစားသင့်သည်-          နာမည်ငှားစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရန်အကြောင်း ရှိ၊ မရှိ၊ နာမည်ငှားသူများနှင့် တကယ်တမ်းဝယ်ယူသူတို့ ဆက်စပ်နေပုံအရ တကမ်းတမ်းဝယ်ယူသူသည် နာမည်ငှားရန် အကြောင်း ရှိ၊ မရှိ၊ ပစ္စည်းပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် စာချုပ်စာတမ်းများ မည်သူ့ထံတွင် ရှိသနည်း၊ ပစ္စည်းသည် မည်သူ့လက်ဝယ်တွင်ရှိသနည်း၊ မည်သူ့ထံမှ အဖိုးငွေကို ရရှိသနည်း၊         အထက်ပါအကြောင်းအရာများသည် နာမည်ငှားစနစ်၏ မှန်ကျောက်သဖွယ် ဖြစ်ပေသည်။       {Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများမျှဝေပါ}

လင်မယားကွာရှင်းခြင်းနှင့်ကွာရှင်းပြတ်စဲစာချုပ်

Image
       မြန်မာဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းသည့်စာချုပ်မှာ ပဋိညာဉ်ပင်ဖြစ်သည်။ ထို့ကြောင့် သက်သေခံဥပဒေပုဒ်မ ၉၁နှင့် သက်ဆိုင်သည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်း ရပ်စဲရန်အတွက် လင်မယားကွာရှင်းစာချုပ်မှာ အဓိကလိုအပ်ချက်မဟုတ်ပေ။ နှစ်ဦးသဘောတူလျှင် လင်မယားကွာရှင်းရန်အတွက် လုံလောက်သည်ဟုေ ဒ်ါအမာနှင့်ဒေါ်ခင်တင့်(၁၉၆၄ခုနှစ်၊ ရုံးချုပ်၊ စာ-၃၁၄)အမှုတွင် ဆုံးဖြတ်သည်။ {Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}

သက်သေအထောက်အထားမခိုင်လုံ၍ အပြစ်မပေးခြင်း

Image
နိုင်ငံတော်နှင့်ကေစီကိုတက်(၁၉၆၆ခုနှစ်၊ ရုံးချုပ်၊ စာ-၉၀၉)         အစုရှယ်ယာလက်မှတ်တုများကို အယူခံ တရားခံက ယူလာ၍ ပေါင်နှံခဲ့ခြင်းမဟုတ်၊ ထိုလက်မှတ်စာရွက်များကို ပုံနှိပ်တိုက် တစ်ခုခုတွင် အယူခံတရားခံသွားရောက်ရိုက်နှိပ်ခဲ့သည် ဆိုသော အထောက်အထားလည်းမရှိ။ သို့ဖြစ်၍ လက်ရေးပါရဂူ၏ ထွက်ချက်တစ်ခုတည်းဖြင့် အယူခံတရားခံအပေါ် လိမ်လည်ရန်အကြံဖြင့် စာချုပ်စာတမ်းအတုပြုလုပ်မှုအရ အပြစ်မပေးနိုင်ဆိုသော အောက်အယူခံရုံး၏ ကောက်ယူချက်မှာ တရားဥပဒေအရချွတ်ချော်သည်ဟု မဆိုနိုင်။ {Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}

၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ

Image
ပုဒ်မ ၁၀၁         မည်သူမျှ ဗဟိုဘဏ်ကထုတ်ဝေသော ငွေစက္ကူ ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သောစာချုပ်စာတမ်းတစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုလုပ်ရ။         မည်သူမဆို ပုဒ်မ ၁၀၁ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ ၃ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ ၂၀၁၄ ခုနှစ်

Image
စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၄။  ။ စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါကြော်ငြာအမျိုးအစားများကို ကြော်ငြာခြင်းမပြုရ- (က) ကုန်စည်၏ အရည်အသွေး၊ အရေအတွက် ကုန်စည်တွင်ပါဝင်သောပ္စည်းများ၊ ကုန်စည်အားအသုံးပြုပုံ၊ ကုန်စည်၏ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့်အချိန်တို့နှင့်စပ်လျဉ်း၍ စားသုံးသူများအား လိမ်လည်ထားသောကြော်ငြာများ၊ (ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှုအပေါ် လိမ်လည်ထားသော ကြော်ငြာများ၊ (ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းအချက်အလက်များ ပါဝင်သည့်ကြော်ငြာများ၊ (ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အန္တာရာယ်ရှိမှုအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊ (င) သက်ဆိုင်သူ၏ ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုအပေါ် အသုံးပြုထားသော ကြော်ငြာများ၊ (စ) ဥပဒေပြဌာန်းချက်များ၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်သည့် ကြော်ငြာများ၊ {ဆက်လက်ဖော်ပြပါမည်}

ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ

Image
သီးခြားမှုခင်းများအတွက်တရားရုံးများတည်ထောင်ခြင်း ဥပဒေတစ်ရပ်ရပ်ဖြင့် သီးခြားပြဌာန်းချက်များအရ လည်းကောင်း၊ အချိန်အခါ အလျောက် အများအပြား ဖြစ်ပွားလေ့ရှိသည့် မှုခင်းများနှင့်စပ်လျဉ်း၍ ယင်းအမှုများကို လျင်လျင်မြန်မြန် စစ်ဆေး စီရင်နိုင်ရန်လည်းကောင်း သီးခြားတရားရုံးများကို  တည်ထောင် ထားပါသည်။ မော်တော်ယာဉ် တရားရုံးများ၊ စည်ပင်သာယာတရားရုံးများ၊ ကလေးသူငယ်တရားရုံးများ အပါအဝင် အချို့သော အထူးဥပဒေအရ သီးခြားတရားရုံးများကို အမှုများ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ရန် အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တည်ထောင်ထား ပါသည်။ ကလေးသူငယ်တရားရုံးများ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ တရားစီရင်ရာတွင် ပြစ်မှုသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပြစ်မှုကျူးလွန်သည့်‌ ကလေးသူငယ်တစ်ဦးအား စီရင်ပိုင်ခွင့်ရှိ တရားရုံး ၌ စစ်ဆေးစီရင် ပါသည်။ သာမန် အ‌ခြေ...

ကာမပွဲစားအဖြစ် အရွယ်မရောက်သေးသော မိန်းကလေးကို ရှာဖွေမှု

Image
ဤပုဒ်မသည် ပြည့်တန်ဆာခေါင်းများကို ရည်ညွှန်းထားခြင်းဖြစ်သည်။  ရာဇသတ်ကြီး ပုဒ်မ ၃၆၆(က) -  အနိုင်အထက်ပြုခြင်းဖြင့်ဖြစ်စေ၊ - ကာမသွေးဆောင်ဖျက်စီးခြင်းဖြင့်ဖြစ်စေ၊    ၁၈နှစ်အောက် မိန်းကလေးတစ်ယောက်ကို အခြားသူ တစ်ဦး တစ်ယောက်နှင့် မတရားသဖြင့် ကာမစပ်ယှက်စေရန် အကြံဖြင့်သော်လည်းကောင်း သို့မဟုတ် ကာမသွေးဆောင်ခံရမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း  အသက် ၁၈ နှစ်အောင်မိန်းကလေးကို တစ်နေရာရာမှ ထွက်သွားစေရန် သို့မဟုတ် ပြုလုပ်မှုတစ်ခုခုကို ပြုစေရန် မည်သူမဆို တစ်နည်းနည်းဖြင့်ဘအသက် ၁၈ နှစ်အောက် မိန်းကလေးကို သွေးဆောင်လျှင် သွေးဆောင်သူကို ၁၀ နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ မှတ်ချက် ။   ။ (၁)တရားခံသည် အခြားလူတစ်ဦးနှင့် မတရားသဖြင့် ကာမစပ်ယှက်စေရန်အကြံဖြင့် အသက်၁၈နှစ်အောက်မိန်းကလေးအား တစ်နေရာရာမှ ထွက်သွားစေမှသာ ဤပုဒ်မအရ ပြစ်မှုမြောက်သည်။ (၂) တရားခံကိုယ်တိုင်မှ မတရားသဖြင့် ကာမစပ်ယှက်ရန် ထွက်သွားစေခြင်းဖြစ်လျှင် ဤပုဒ်မနှင့် အကျုံးမဝင်။ ဖမ်းဆီးခွင့် - ရဲအရေးပိုင်၍ ဝရမ်းမပါဘဲဖမ်းဆီးခွင့်ရှိသည...

အရွယ်မရောက်သေးသူနှင့်ပြည့်တန်ဆာ

Image
        အရွယ်မရောက်သေးသူကို ပြည့်တန်ဆာလုပ်စေရန် အလို့ငှာ ရောင်းသူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၂  အရလည်းကောင်း၊ ဝယ်သူကို ပုဒ်မ ၃၇၃ အရလည်းကောင်း တရားစွဲဆို အပြစ်စီရင်နိုင်သည်။ ပုဒ်မ ၃၇၂ ။   ။ အရွယ်မရောက်သေးသူ အသက် (၁၈)နှစ်အောက် မည်သူ့ကိုမဆို ပြည့်တန်ဆာကိစ္စဖြစ်စေ၊ တစ်ဦးတစ်ယောက်နှင့် မတရားသဖြင့် ကာမစပ်ယှက်စေရန်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သည့်အကျင့်ဖောက်ပြားသောကိစ္စအလို့ငှာဖြစ်စေ အသုံးပြုရန်အကြံ သို့မဟုတ် အသုံးပြုခြင်းခံရမည်ကိုသိလျက် အခြားသူထံသို့ ရောင်ချခြင်း သို့မဟုတ် ငှားခြင်း သို့မဟုတ် လက်လွှဲပြောင်းခြင်း ပြုပါက ထိုသို့ပြုလုပ်သူကို ၁၀ နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ရည်ရွယ်ချက်။    ။ ဤပုဒ်မ၏ အဓိကရည်ရွယ်ချက်မှာ အရွယ်မရောက်သေးသူ မိန်းကလေးများကို ပြည့်တန်ဆာကိစ္စအလို့ငှာ ရောင်းချခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ပုဒ်မ ၃၇၃ မှာ ဝယ်ယူခြင်းကို တားမြစ်သည့် ပုဒ်မဖြစ်၍ ထိုပုဒ်မ ၂ ခု သည် တစ်ခုကိုတစ်ခု အမှီသဟဲ အထောက်အကူပြုနေပေသည်။         အရွယ်ရောက်သည် မိန်းကလေးတစ်ဦးကို သာမန်ရောင်းခ...

ငွေပေးဆပ်ပြီးကြောင်း သက်သေပြရန်တာဝန်

Image
        ငွေရရန်စွဲဆိုသောအမှုမျိုးတွင် တရားလိုက ငွေချေးစာချုပ်ကို တင်ပြနိုင်ပြီး၊ ထိုစာချုပ်တွင် ငွေပေးသွင်းသည်နှင့်ပတ်သတ်၍ မည်သည့်မှတ်သားချက်မျှ မရှိပါက တရားခံက ငွေပေးပြီးကြောင်းဆိုလာမူ၊ ငွေဆပ်ပြီးကြောင်းကို လုံလောက်အောင်သက်သေပြရမည့်တာဝန်သည် တရားခံအပေါ်တည်ရှိသည်ဟု ဂူဂျာဆင်းနှင့်မောင်သန်းမြင့် ၁၉၆၄၊ ရုံးချုပ်၊ စာ ၆၆၆ တွင် လမ်းညွှန်ထားသည်။ {Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}

Gmail သို့ ဆက်သွယ်နိုင်ပါသည်။

Image
       ဥပဒေရေးရာ ကိစ္စရပ်များကို (Social Media)တွင် မေးမြန်းပါက ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စများကို အခြားသူများ သိရှိမည်ကို စိုးရိမ်နေသူများအတွက်… eugeniamyanmarofficialpage@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ယုန်ထောင်ကြောင်မိ

Image
        ယုန်ထောင်၍ ကြောင်မိသော အမှုလည်းဖြစ်နိုင်သည်။ အမှုမှန်များပင် ဖြစ်စေကာမူ အထောက်အထား မခိုင်လုံသေးဘဲ စွဲဆိုတင်ပို့သော အမှုများလည်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အကြောင်းအချက်ခိုင်ခိုင်လုံလုံ၊ ဥပဒေကိုဆန့်ကျင်သည်လည်း ထင်ထင်ရှားရှားမရှိဘဲနှင့် အပြစ်ပေးလျှင် မှန်ကန်မျှတသည်လည်းမဟုတ်၊ မလိုလားအပ်သော သာဓကကိုသာ ဖြစ်စေမည် ဟု ၁၉၆၇ခုနှစ် ဦးအုံးငွေပါ၇နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ အမှုတွင် လမ်းညွှန်ထားသည်။

မြေပုံမြေရာဇဝင်ရေးကူးခြင်း

Image
        ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေယာနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် အောက်ပါကိစ္စရပ်များအတွက် သက်သေခံမြေပုံမြေရာဇဝင်(Certified Map) ကို လျှောက်ထားနိုင်ပါသည်။ ၁။ အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရန်၊ ၂။ အဆောက်အအုံအကြီးစားပြင်ဆင်ခွင့်လျှောက်ထားရန်၊ ၃။ ခြံစည်းရိုးကာရံခွင့်လျှောက်ထားရန်၊ ၄။ အဝီစိတွင်းတူးခွင့်လျှောက်ထားရန်၊ ၅။ ဘဏ်ငွေချေးခွင့်လျှောက်ထားရန်၊ ၆။ မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားရန်၊ ၇။ ကျူးလွန်ခြင်းပြမြေပုံလျှောက်ထားရန်၊ ၈။ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ၉။ အမွေဆကက်ခံပိုင်ဆိုင်ကြောင်းကြေညာမှတ်ပုံတင်စာချုပ်ချုပ်     ဆိုရန်၊ ၁၀။ ပစ္စည်းခွဲဝေခြင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ၁၁။ စွန့်လွှန်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ၁၂။ မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ၁၃။ လှူဒါန်းခြင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ၁၄။ မြေကွက်လဲလှယ်ခြင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ၁၅။ အမှားပြင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ၁၆။ မှတ်တမ်းအဖြစ်ထားရှိရန်၊ credit: Y C D C {Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}

လင်မယားဖြစ်ကြောင်း မည်သို့ဆုံးဖြတ်သနည်း ?

Image
        ဗုဒ္ဓဘာသာဝင် လင်မယား၂ဦးမှာ လင်မယားအဖြစ် သဘောတူပေါင်းသင်းကြခြင်း ဟုတ် မဟုတ် ဆုံးဖြတ်ရန်ရှိလျှင် ၄င်းတို့ အချင်းချင်း၏ အပြုအမူနှင့် ၄င်းတို့၏အိမ်နီးချင်းမိတ်ဆွေများမှ ၄င်းတို့အပေါ် လင်မယားအဖြစ်ဖြင့် ဆက်ဆံကြသည့် အပြုအမူရှိမရှိ အပေါ်တွင် မူတည်ဆုံးဖြတ်ရမည်။ လင်မယားအဖြစ်သာမန်ထွက်ဆိုယုံမျှနှင့် သက်သေခံမလုံလောက်ဟု ဆုံးဖြတ်ထားသည်။  မောင်မောင်နှင့်မစိန်ကြည် (၁၉၄၈၊ ရန်ကုန်စီရင်ထုံး၊ စာ ၅၆၂)

မယားစရိတ်၊ သားသမီးစရိတ်

Image
        လင်ယောကျာ်းသည် မိမိသားမယားကို ကျွေးမွေးစောင့်ရှောက်ရန်မှာ တရားဥပဒေအရ သတ်မှတ်ထားသည့် ဝတ္တရားတစ်ရပ်ပင်ဖြစ်သည်။ သားသမီးတို့အား လုပ်ကျွေးပြုစုရန်မှာ လင်ယောကျာ်း၏ အရေးကြီးဆုံး တာဝန်ဖြစ်သည့်အတွက် မယားကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ ထောက်ပံခြင်းမပြုဘဲ ပစ်ပယ်ထားသော ယောကျာ်းကို မယားဖြစ်သူမှ တရားမကြောင်းအရလည်းကောင်း၊ ရာဇဝတ်ကြောင်းအရလည်းကောင်း စားစရိတ်ရလိုမှု စွဲဆိုခွင့်ရှိသည်။                        ယောကျာ်း၏ အဆင့်အတန်းအလိုက် ဝင်ငွေ၏ ၃ ပုံ ၁ ပုံ ကို မယားဖြစ်သူက စားစရိတ်ရနိုင်ကြောင်း ထို့ပြင် လင်ယောကျာ်းသည် ဒုတိယမယားယူလျှင် ပထမမယားသည် လင်ယောကျာ်းဝင်ငွေ၏ ၆ ပုံ ၁ ပုံသာ ရနိုင်ကြောင်း ဒေါက်တာသာမြနှင့် မခင်ပု(၁၉၄၀၊ RLR၊ ၈၀၇)  အမှုတွင် ပြဆိုထားပေသည်။ {Like & Share ခြင်းဖြင့် ဥပဒေ ဗဟုသုတများ မျှဝေပါ}

ရဟန်း ၂ ပါး အာဂတိ လိုက်​စားခြင်း(၁)

Image
ယနေ့ခေတ်တွင်မှ အာဂတိလိုက်စားခြင်းရှိသည်မဟုတ်။ ရှေးယခင် မြတ်စွာဘုရားရှင်လက်ထက်မှပင် အာဂတိလိုက်စားမိသည့် ရဟန်း ၂ ပါးရှိခဲ့ဘူးသည်။ ထိုရဟန်း ၂ ပါးသည့် မိမိ၏ ပြုလုပ်ရန်တာဝန်ကို လိုက်နာခြင်း မရှိစိမ့်သောကြောင့် နောင်ဘ၀ဘာဖြစ်​သနည်း? --------------------------------------------------- ရဟန်း ၂ ပါး အဂတိလိုက်စားခြင်း(၁)  တစ်ရံရောအခါ ဓမ္မ၀ါဒီလဇ္ဇီရဟန်းတို့သည့် ကြမ်းတမ်း ရုန့်ရင်းလှသော အဓမ္မ၀ါဒီ အလဇ္ဇီပုဂ္ဂိုလ်၏ ယိုယွင်းပျက်စီးသော သီလရှိသည်ကို သိလျှင် “ ငါ့ရှင်….. သင်ပြုသောအမှုသည် သာသနာတော်နှင့် မတန်ချေ” ဟု ဆိုဆုံးမသည်ကို ထို အဓမ္မ၀ါဒီက“ သင်.. အဘယ်သို့ သိသနည်း၊ အဘယ်ကိုမြင်သနည်း” စသည်ဖြင့် ပစ်လွှင့် ဖယ်ရှား၏။  ဓမ္မ၀ါဒီကလည်း “ ငါ မသိသော်ရှိစေ၊ ၀ိနည်းဓိုရ်(သာသနာ့စည်းကမ်းထိန်းသိမ်းသည့်ပုဂ္ဂိုလ်) ဆရာတို့ သိလတ္တံ့” ဟု ဆို၏။ ထိုစကားကို ကြားလျှင် အလဇ္ဇီပုဂ္ဂိုလ်က မိမိအမှုကို ကြောင့်ကြ(စိတ်ပူ)သဖြင့် ထိုဝိနည်းဓိုရ်ဆရာနှစ်ဦးတို့၏ အထံသို့သွားပြီး ပရိက္ခရာစသည်ကို လှုပြီးလျှင် ၀တ်ကြီးဝယ်ငယ်တို့ကို ရိုသေစွာ ဆောင်ရွက်ပြီး နှစ်သစ်ကျွမ်းဝင်သောကာလ(တစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးသည့်ကာလ) “ အရှင်ဘုရား….. အကျွန်ုပ်သည် ဤမည်ေ...