မယားစရိတ်၊ သားသမီးစရိတ်
လင်ယောကျာ်းသည် မိမိသားမယားကို ကျွေးမွေးစောင့်ရှောက်ရန်မှာ တရားဥပဒေအရ သတ်မှတ်ထားသည့် ဝတ္တရားတစ်ရပ်ပင်ဖြစ်သည်။ သားသမီးတို့အား လုပ်ကျွေးပြုစုရန်မှာ လင်ယောကျာ်း၏ အရေးကြီးဆုံး တာဝန်ဖြစ်သည့်အတွက် မယားကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ ထောက်ပံခြင်းမပြုဘဲ ပစ်ပယ်ထားသော ယောကျာ်းကို မယားဖြစ်သူမှ တရားမကြောင်းအရလည်းကောင်း၊ ရာဇဝတ်ကြောင်းအရလည်းကောင်း စားစရိတ်ရလိုမှု စွဲဆိုခွင့်ရှိသည်။
ယောကျာ်း၏ အဆင့်အတန်းအလိုက် ဝင်ငွေ၏ ၃ ပုံ ၁ ပုံ ကို မယားဖြစ်သူက စားစရိတ်ရနိုင်ကြောင်း ထို့ပြင် လင်ယောကျာ်းသည် ဒုတိယမယားယူလျှင် ပထမမယားသည် လင်ယောကျာ်းဝင်ငွေ၏ ၆ ပုံ ၁ ပုံသာ ရနိုင်ကြောင်း ဒေါက်တာသာမြနှင့် မခင်ပု(၁၉၄၀၊ RLR၊ ၈၀၇)
အမှုတွင် ပြဆိုထားပေသည်။
{Like & Share ခြင်းဖြင့် ဥပဒေ ဗဟုသုတများ မျှဝေပါ}
Comments
Post a Comment