မီနာမီ(ခ)အမည်ငှားစနစ်
မီနာမီ ခေါ် နာမည်ငှားစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်သော ကိစ္စများတွင် အောက်ပါအချက်အလက်များအပေါ် မူတည်၍ စဉ်းစားသင့်သည်-
- နာမည်ငှားစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ရန်အကြောင်း ရှိ၊ မရှိ၊
- နာမည်ငှားသူများနှင့် တကယ်တမ်းဝယ်ယူသူတို့ ဆက်စပ်နေပုံအရ တကမ်းတမ်းဝယ်ယူသူသည် နာမည်ငှားရန် အကြောင်း ရှိ၊ မရှိ၊
- ပစ္စည်းပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် စာချုပ်စာတမ်းများ မည်သူ့ထံတွင် ရှိသနည်း၊
- ပစ္စည်းသည် မည်သူ့လက်ဝယ်တွင်ရှိသနည်း၊
- မည်သူ့ထံမှ အဖိုးငွေကို ရရှိသနည်း၊
အထက်ပါအကြောင်းအရာများသည် နာမည်ငှားစနစ်၏ မှန်ကျောက်သဖွယ် ဖြစ်ပေသည်။
{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများမျှဝေပါ}
Comments
Post a Comment