စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ ၂၀၁၄ ခုနှစ်



စားသုံးသူအကာအကွယ်ပေးရေးဥပဒေ

ပုဒ်မ ၁၄။  ။ စီးပွားရေးလုပ်ငန်းရှင်သည် အောက်ပါကြော်ငြာအမျိုးအစားများကို ကြော်ငြာခြင်းမပြုရ-


(က) ကုန်စည်၏ အရည်အသွေး၊ အရေအတွက် ကုန်စည်တွင်ပါဝင်သောပ္စည်းများ၊ ကုန်စည်အားအသုံးပြုပုံ၊ ကုန်စည်၏ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့်အချိန်တို့နှင့်စပ်လျဉ်း၍ စားသုံးသူများအား လိမ်လည်ထားသောကြော်ငြာများ၊

(ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှုအပေါ် လိမ်လည်ထားသော ကြော်ငြာများ၊

(ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းအချက်အလက်များ ပါဝင်သည့်ကြော်ငြာများ၊

(ဃ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အန္တာရာယ်ရှိမှုအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊

(င) သက်ဆိုင်သူ၏ ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုအပေါ် အသုံးပြုထားသော ကြော်ငြာများ၊

(စ) ဥပဒေပြဌာန်းချက်များ၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်သည့် ကြော်ငြာများ၊

{ဆက်လက်ဖော်ပြပါမည်}

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card