သက်သေအထောက်အထားမခိုင်လုံ၍ အပြစ်မပေးခြင်း


နိုင်ငံတော်နှင့်ကေစီကိုတက်(၁၉၆၆ခုနှစ်၊ ရုံးချုပ်၊ စာ-၉၀၉)

        အစုရှယ်ယာလက်မှတ်တုများကို အယူခံ တရားခံက ယူလာ၍ ပေါင်နှံခဲ့ခြင်းမဟုတ်၊ ထိုလက်မှတ်စာရွက်များကို ပုံနှိပ်တိုက် တစ်ခုခုတွင် အယူခံတရားခံသွားရောက်ရိုက်နှိပ်ခဲ့သည် ဆိုသော အထောက်အထားလည်းမရှိ။ သို့ဖြစ်၍ လက်ရေးပါရဂူ၏ ထွက်ချက်တစ်ခုတည်းဖြင့် အယူခံတရားခံအပေါ် လိမ်လည်ရန်အကြံဖြင့် စာချုပ်စာတမ်းအတုပြုလုပ်မှုအရ အပြစ်မပေးနိုင်ဆိုသော အောက်အယူခံရုံး၏ ကောက်ယူချက်မှာ တရားဥပဒေအရချွတ်ချော်သည်ဟု မဆိုနိုင်။
{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card