ငွေပေးဆပ်ပြီးကြောင်း သက်သေပြရန်တာဝန်
ငွေရရန်စွဲဆိုသောအမှုမျိုးတွင် တရားလိုက ငွေချေးစာချုပ်ကို တင်ပြနိုင်ပြီး၊ ထိုစာချုပ်တွင် ငွေပေးသွင်းသည်နှင့်ပတ်သတ်၍ မည်သည့်မှတ်သားချက်မျှ မရှိပါက တရားခံက ငွေပေးပြီးကြောင်းဆိုလာမူ၊ ငွေဆပ်ပြီးကြောင်းကို လုံလောက်အောင်သက်သေပြရမည့်တာဝန်သည် တရားခံအပေါ်တည်ရှိသည်ဟု ဂူဂျာဆင်းနှင့်မောင်သန်းမြင့် ၁၉၆၄၊ ရုံးချုပ်၊ စာ ၆၆၆ တွင် လမ်းညွှန်ထားသည်။
{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}
Comments
Post a Comment