အရွယ်မရောက်သေးသူနှင့်ပြည့်တန်ဆာ

        အရွယ်မရောက်သေးသူကို ပြည့်တန်ဆာလုပ်စေရန် အလို့ငှာ ရောင်းသူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၂ အရလည်းကောင်း၊ ဝယ်သူကို ပုဒ်မ ၃၇၃ အရလည်းကောင်း တရားစွဲဆို အပြစ်စီရင်နိုင်သည်။


ပုဒ်မ ၃၇၂ ။   ။ အရွယ်မရောက်သေးသူ အသက် (၁၈)နှစ်အောက် မည်သူ့ကိုမဆို ပြည့်တန်ဆာကိစ္စဖြစ်စေ၊ တစ်ဦးတစ်ယောက်နှင့် မတရားသဖြင့် ကာမစပ်ယှက်စေရန်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သည့်အကျင့်ဖောက်ပြားသောကိစ္စအလို့ငှာဖြစ်စေ အသုံးပြုရန်အကြံ သို့မဟုတ် အသုံးပြုခြင်းခံရမည်ကိုသိလျက် အခြားသူထံသို့ ရောင်ချခြင်း သို့မဟုတ် ငှားခြင်း သို့မဟုတ် လက်လွှဲပြောင်းခြင်း ပြုပါက ထိုသို့ပြုလုပ်သူကို ၁၀ နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရည်ရွယ်ချက်။    ။ ဤပုဒ်မ၏ အဓိကရည်ရွယ်ချက်မှာ အရွယ်မရောက်သေးသူ မိန်းကလေးများကို ပြည့်တန်ဆာကိစ္စအလို့ငှာ ရောင်းချခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ပုဒ်မ ၃၇၃ မှာ ဝယ်ယူခြင်းကို တားမြစ်သည့် ပုဒ်မဖြစ်၍ ထိုပုဒ်မ ၂ ခု သည် တစ်ခုကိုတစ်ခု အမှီသဟဲ အထောက်အကူပြုနေပေသည်။
        အရွယ်ရောက်သည် မိန်းကလေးတစ်ဦးကို သာမန်ရောင်းချခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်ပေ။ အပိုင်မွေးစားရန်ရောင်းချခြင်းသည် ပြစ်မှုပြစ်ဒဏ်ထိုက်မည်မဟုတ်။ ဥပဒေနှင့်ဆန့်ကျင်ပြီး အကျင့်ဖောက်ပြားသောကိစ္စအတွက် အသုံးပြုရန်အကြံ သို့မဟုတ် အသိစိတ်ဖြင့်ရောင်းချမှသာ ဤပုဒ်မနှင့် သက်ဆိုင်မည်ဖြစ်သည်။
        


ပုဒ်မ ၃၇၃ ။   ။အရွယ်မရောက်သေးသူ အသက် (၁၈)နှစ်အောက် မည်သူ့ကိုမဆို ပြည့်တန်ဆာကိစ္စဖြစ်စေ၊ တစ်ဦးတစ်ယောက်နှင့် မတရားသဖြင့် ကာမစပ်ယှက်စေရန်ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သည့်အကျင့်ဖောက်ပြားသောကိစ္စအလို့ငှာဖြစ်စေ အသုံးပြုရန်အကြံဖြင့်လည်းကောင်း သို့မဟုတ် စေခိုင်ခြင်းခံရမည်ကို သို့မဟုတ် အသုံးပြုခြင်းခံရမည်ကိုသိလျက်နှင့် ထို၁၈နှစ်အောင် မိန်းမတစ်ဦးကိုဝယ်လျှင် သို့မဟုတ် ငှားယူလျှင် သို့မဟုတ် အခြားနည်းဖြင့် လက်ရှိဖြစ်အောင် ရယူလျှင် ထိုသူကို ၁၀ နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

(ဆက်ရန်)

{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card