စာချွန်တော်အမိန့်
ပြည်ထောင်စုလွှတ်တော်ချုပ်သည် အောက်ပါစာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်အာဏာရှိသည်-
- ရှေ့တော်သွင်း စာချွန်တော်အမိန့်၊
- အာဏာပေး စာချွန်တော်အမိန့်၊
- တားမြစ်စေ စာချွန်တော်အမိန့်၊
- အာဏာပိုင်မေး စာချွန်တော်အမိန့်၊
- အမှုခေါ် စာချွန်တော်အမိန့်။
ရှေ့တော်သွင်း စာချွန်တော်အမိန့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတရားရုံးတစ်ရုံးရုံးတွင်သို့မဟုတ် အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ထိန်းသိမ်းချုပ်နှောင်ထားသူကို စာချွန်တော်ရုံးသို့ခေါ်ဆောင်စေပြီး ဥပဒေနှင့်အညီ ချုပ်နှောင်ထားခြင်းရှိမရှိ စိစစ်ကြားနာ၍ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ရေးသားထုတ်ပြန်သည့်အမိန့်စာဖြစ်သည်။
အာဏာပေးစာချွန်တော်အမိန့်
တရားဝင်အခွင့်အာဏာရှိသူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရဌာနတစ်ခုခုကဖြစ်စေ အပ်နှင်းထားသောလုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုအား ဥပဒေနှင့်အညီ လိုက်နာဆောက်နိုင်စေရန် ရေးသားထုတ်ြ ပန်သည့်အမိန့်စာဖြစ်သည်။
တားမြစ်စေ စာချွန်တော်အမိန့်
တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှုသဘော သက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ စီရင်ဆောင်ရွက်မှုတွင် စီရင်ခွင့်အာဏာကျော်လွန်၍ဖြစ်စေ၊ တရားမျှတမှုကိုဆန့်ကျင်၍ ဆောင်ရွက်ခြင်းမပြုရန် ရေးသားထုတ်ပြန်သည့်။အမိန့်စာဖြစ်သည်။
အာဏာပိုင်မေး စာချွန်တော် အမိန့်
အစိုးရဌာနတစ်ခုခု သို့မဟုတ် အခွင့်အာဏာအပ်နှင်းထားသည့် အဖွဲ့အစည်းတစ်ခုခုသည် တစ်ဦးတစ်ယောက် သို့မဟုတ် အများအပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချင်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိမရှိ စိစစ်ကြားနား၍ ဥပဒေနှင့်ညီညွတ်ခြင်း ရှိ မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာဖြစ်သည်။
အမှုခေါ်စာချွန်တော်အမိန့်
တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှုသဘောသက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့် ညီညွတ်မျှတမှု မရှိကြောင်း စိစစ်တွေ့ရှိရပါက ထိုဆုံးဖြတ်ဆောင်ရွက်ချက်ကို ဥပဒေနှင့်ညီညွတ်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာဖြစ်သည်။
{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}
Comments
Post a Comment