လင်မယားအဖြစ်နေထိုင်ခြင်းဟုတ်မဟုတ်
မြန်မာဗုဒ္ဓဘာသာမိန်းမတစ်ယောက်နှင့် ယောကျာ်းတစ်ယောက်တို့သည် နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်း ဟုတ်၊ မဟုတ် ဆိုသည့် ပြဿ နာကို တရားရုံးမှဆုံးဖြတ်ရန်ရှိလျှင် ၄င်းတို့၏ အပြုအမူ၊ ၄င်းတို့ ၂ဦးအပေါ် အိမ်နီးချင်းများ၊ မိတ်ဆွေများက ပြုမူဆက်ဆံပုံများကို မူတည်၍ ဆုံးဖြတ်ရမည်။
မောင်မောင်နှင့်မစိန်ကြည်၊ ၁၉၄၀ခုနှစ်၊ ရန်ကုန်စီရင်ထုံး၊ စာ ၅၆၂
Comments
Post a Comment