အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မပြုကြပါနှင့်

       အကြမ်းဖက်ခံရမှုများတွင် အိမ်ထောင်ရှိပြီးသူ အမျိုးသမီးများလည်း အများဆုံး ခံစားနေရသည်ကို တွေ့မြင်ရ၏။ အိမ်ထောင်ရှိသူများအနေဖြင့်လည်း မိမိတို့လင်မယားအချင်းချင်း စကားများခြင်း၊ ရန်ဖြစ်ခြင်းကို လင်မယားသဘာဝသာဖြစ်သည် ဟု လူမှုပတ်ဝန်းကျင်တစ်ရပ်လုံးမှ ထင်မြင်၊ ယူဆ၊ သတ်မှတ်မှုသည်လည်း မိမ်ထောင်ရှိအမျိုးသမီးများကို အကြမ်ဖက်ခြင်း၊ ထိပါးနှောက်ယှက်ခြင်းများ ခံစာရစေရန် တွန်းပို့နေသည့် အကြောင်းတရားများစွာထဲမှ တစ်ခုပင်ဖြစ်တော့သည်။

        ထို့ပြင် အိမ်ထောင်မရှိသူ အမျိုးသမီးများအပေါ် အိမ်တွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ၊ ကားပေါ်တွင်ဖြစ်စေ၊ ကားမှတ်တိုင်တွင်ဖြစ်စေ၊ လမ်းပေါ်တွင်ဖြစ်စေ၊ အခြားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ နေရာများတွင်သော်လည်းကောင်း၊ အများပြည်သူဆိုင်ရာ နေရာများတွင်သော်လည်း နှောက်ယှက်ထိပါးခြင်းများ မပြုလုပ်နိုင်စေရန် ဥပဒေပြဌာန်းချက်များနှင့် အမျိုးသမီးများအပေါ် အကာအကွယ်ပေးထား၏။

        အောက်ပါပုံများကိုကြည့်ရှုခြင်းဖြင့် သင်ရော၊ သင့်ပတ်ဝန်းကျင်မှာပါ အမျိုးသမီးများအပေါ် အကြမ်းဖက်ထိပါးနှောက်ယှက်ခြင်းများ ပပျောက်စေရန် ပူးပေါင်းပါဝင်ကြပါစို့……



































Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card