
အစုစပ်လုပ်ငန်းအက်ဥပဒေ
ပုဒ်မ ၉။ အစုဝင်များသည် အစုစပ်လုပ်ငန်း၏ အကျိုးအများဆုံးဖြစ်ထွန်းနိုင်စေရန် တစ်ဦးနှင့်တစ်ဦးဖြောင့်မတ်တည်ကြည်စွာ ဆက်ဆံရမည့်အပြင် မှန်ကန်သောစာရင်းများနှင့် အစုစပ်လုပ်ငန်းနှင့် စပ်လျဉ်းသော သတင်းအကြောင်းအရာအပြည့်အစုံကို အစုဝင်များကိုသော်လည်းကောင်း၊ ယင်းတို့၏ တရားဝင်ကိုယ်စားလှယ်များကိုသော်လည်းကောင်း အသိပေးရန် တဝန်ရှိသည်။
ပုဒ်မ ၁၀။ အစုဝင်တိုင်းသည် အစုစပ်လုပ်ငန်း၏ အလုပ်ကိစ္စကို ဆောင်ရွက်ရာတွင် ယင်း၏လိမ်လည်မှုကြောင့် အစုစပ်လုပ်ငန်းဆုံးရှုံးနစ်နာမှုအတွက် အဆိုပါ အစုစပ်လုပ်ငန်းကို လျော်ကြေးပေးရမည်။

{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}
Comments
Post a Comment