ဈေးဆိုင်ခန်းအမွေဆက်ခံခွင့်
စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအတွင်းရှိ ဆိုင်ခန်းကို အမွေ ဆက်ခံခွင့်နှင့် ဈေးရောင်းချခွင့် -
စည်ပင်သာယာရေး ဈေးဆိုင်ခန်းများ၏ ပိုင်ရှင်မှာ စည်ပင်သာယာအဖွဲ့ ဖြစ်သည်။သို့သော်စည်ပင်သာယာ အဖွဲ့၏တရား ၀င်ချပေးချက်အရဆိုင်ခန်းရရှိသူများသည် စည်းကမ်းနှင့် အညီအခွန်ထမ်းဆောင်၍ ဆိုင်ခန်းကို လက်ရှိထားလျက် ဈေးရောင်းချခွင့် ရရှိသည်။ ထိုသို့ ချထားခြင်းခံရသော ဆိုင်ရှင်တစ်ဦး သေဆုံးပါက ထိုဆိုင်ခန်းကို ၄င်း၏ ဇနီး ၊ ခင်ပွန်း ၊ သားသမီးများအနေဖြင့် ဆက်ခံခွင့်ရရှိသည်။ စည်းကမ်းနှင့်အညီ အခွန်ထမ်း ဆောင်၍ ဆိုင်ခန်းအားလက်ရှိထားပြီး ဈေးရောင်းချခွင့်ရရှိသည်။ ထို့ကြောင့် စည်ပင်သာယာအဖွဲ့ပိုင် ဈေးအတွင်းရှိ ဆိုင်ခန်းတွင် ဖွင့်လှစ် ခွင့်ရရှိထားသူ ကွယ်လွန်သည့်အခါ ၄င်း၏ အမွေဆက်ခံသူက အဆိုပါဆိုင်ခန်းအား လက်ရောက်ပေးအပ် စေရန်စွဲဆိုသည့်အမှု၌တရားရုံးကစွဲဆိုသည့် အတိုင်း အနို်င်ဒီကရီချမှတ် ပေးပိုင်ခွင့်ရှိကြောင်းကို “ ဦးထွန်းကြည်နှင့် ဒေါ်ကြည်စိန် (ကွယ်လွန်သူ ဒေါ်လေးငယ်၏ တရားဝင် ကိုယ်စားလှယ်) ၁၉၉၂ မတစ ၇၃ (၇၄-၇၅-၇၆) ”အမှုတွင် ဆုံးဖြတ်ထားသည်။
{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}
Comments
Post a Comment