လင်မယားကွာရှင်းခြင်း




        မြန်မာဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်လင်မယားအဖြစ်ကွာရှင်းပြတ်စဲရန်အတွက် အကြောင်းအရင်း ၃ မျိုးရှိသည်။ ထိုအကြောင်းရင်း ၃ မျိုးမှာ-
  ၁။ နှစ်ဦးသဘောတူလင်မယားအဖြစ်မှကွာရှင်းပြတ်စဲခြင်း
  ၂။ လင်ဖြစ်သူသာသနာ့ဘောင်ဝင်၍ လင်မယားအဖြစ်မှ အလို       လိုပြတ်စဲခြင်း
  ၃။ အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းပြတ်စဲခြင်းတို့ဖြစ်သ          ည်။

၁။နှစ်ဦးသဘောတူလင်မယားအဖြစ်မှကွာရှင်းပြတ်စဲခြင်း
        မြန်မာဓလေ့ထုံးတမ်းအရ အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲရာတွင် နှစ်ဦးသဘောတူကွာရှင်းပြတ်စဲခြင်းဖြစ်ပါက ငွေကုန်ကြေးကျသက်သာစွာဖြင့် လွယ်လွယ်ကူကူကွာရှင်း၍ ရပေသည်။
        သို့သော် သက်သေများရှေ့တွင် တရားရုံးရှိ တရားသူကြီးရှေ့မှောက်၌ လင်မယားအဖြစ်မှကွာရှင်းပြတ်စဲကြောင်း လက်မှတ်ရေးထိုးချုပ်ဆိုထားပါက ပိုမိုခိုင်မာသောကြောင့် နောင်တစ်ချိန်တွင် လင်မယားအဖြစ်ကွာရှင်းပြတ်စဲထားကြောင်း အရှုပ်အရှင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက အဆိုပါစာချုပ်အားလွယ်လင့်တကူသက်သေခံအဖြစ်တင်သွင်းနိုင်၍ မိမိအမှုအတွင် အထောက်အပံ့များစွာရနိုင်ပြီး အမှုနိုင်ရန်များစွာအထောက်အကူပြုနိုင်ပေသည်။

၂။လင်ဖြစ်သူသာသနာ့ဘောင်ဝင်၍ လင်မယားအဖြစ်မှ အလို      လိုပြတ်စဲခြင်း
 လင်ယောကျာ်းသာသနာ့ဘောင်သို့ဝင်ရောက်လျှင် လင်ခန်းမယားခန်း အလိလိုပြတ်စဲသည်။ထိုသိုသာနာ့ဘောင်သို့ဝင်ရောက်သည်မှာ အပြီးအပိုင်ဝင်ရောက်သွားခြင်းကိုသာဆိုလိုပြီး ခေတ္တခဏ ဒုလ္လဘဝတ်ခြင်းကိုဆိုလိုခြင်းမဟုတ်။

၃။အိမ်ထောင်ရေးပြစ်မှုကြောင့်ကွာရှင်းပြတ်စဲခြင်း
        လင်ယောကျာ်းမှဖြစ်စေ၊ မယားမှဖြစ်စေ အခြားသူတစ်စိမ်းတစ်ယောက်နှင့် အိမ်ထောင်ရေးဖောက်ဖျက်မှုကျူးလွန်လျှင် ကျန်တစ်ဦးမှကွာရှင်းရန်တောင်းဆိုခွင့်ရှိသည်။ အိမ်ထောင်ရေးပြစ်မှုဟုဆိုရာတွင် သာမန်အိမ်ထောင်ရေးပြစ်မှုနှင့် ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုဟူ၍ ၂ မျိုးခွဲခြားထားသည်။


{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}


Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card