ရာဇဝတ်မကင်းသောယုံကြည်အပ်နှံရေးဖောက်ဖျက်မှု
အလွဲသုံးစားပြုထားသည့်ငွေကို ပေးလျော်ပြီးဆိုရုံမျှဖြင့် တရားခံသည် ပြစ်မှုမှ ကင်းလွတ်ခွင့် မရနိုင်။
ရာဇသတ်ကြီး၊ ပုဒ်မ ၄၀၆ သည် ကျေအေးနိုင်သော အမှုမျိုးမဟုတ်သောကြောင့် တရားလို တရားခံနှစ်ဦး သဘောတူကျေအေးခြင်းဖြင့်လည်း အမှုကို ပိတ်သိမ်းခွင့် မရှိပေ။
ဦးသိန်းဆွေနှင့်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်(ဦးကျော်စိန်)၊ ၁၉၈၁၊ မတစ၊ စာ ၁၂၃
ရာဇသတ်ကြီး
ပုဒ်မ ၄၀၅
မည်သူမဆို ပစ္စည်းကို သို့မဟုတ် ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် ယုံကြည်အပ်နှံခံရသည့်အခါတွင် ယုံကြည်အပ်နှံခြင်းခံရသူမှ
(၁) ပစ္စည်းကိုမရိုးမဖြောင့်သောသာဘောဖြင့်အလွဲသုံးစားပြုလျှင် သို့မဟုတ် မိမိပစ္စည်းအဖြစ်ပြောင်းလဲလျှင် သို့မဟုတ်
(၂) ယုံကြည်အပ်နှံခြင်းခံရသည့်အတိုင်း ဆောင်ရွက်ရန်နည်း
လမ်းကို ပြဌာန်းသည့်ဥပဒေညွှန်ကြားချက်ကို ကျူးလွန်၍သော်လည်းကောင်း၊ ဆောင်ရွက်ရန်ကိစ္စအားအတိအလင်းဖြစ်စေ၊သဘောသက်ရောက်ခြင်းဖြင့်ဖြစ်စေ မိမိချုပ်ဆိုသော ဥပဒေနှင့်ညီသည့် ပဋိညာဉ်ကိုကျူးလွန်၍သော်လည်းကောင်း
ထိုပစ္စည်းကိုမရိုးမဖြောင့်သောသဘောဖြင့် သုံးစွဲခြင်းကို သို့မဟုတ် စီမံခန့်ခွဲခြင်းကိုပြုလျှင် ရာဇဝတ်မကင်းသောယုံကြည် အပ်နှံရေးဖောက်ဖျက်မှုကိုကျူးလွန်ခြင်းဖြစ်သည်။
ရာဇသတ်ကြီး
ပုဒ်မ ၄၀၆
မည်သူမဆိုရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကိုကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထိထောင်ဒဏ်ြဖစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
မှတ်ချက်။ ။ ပုဒ်မ ၄၀၅ နှင့်ညှိစွန်းပါက ပုဒ်မ ၄၀၆ အရ ပြစ်ဒဏ်ချမှတ်သည်။ အာမခံမပေးနိုင်၊ ကျေအေးခွင့်မရှိ။
{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}
Comments
Post a Comment