အမြန်လမ်းမကြီးပေါ်မသွားလာရမည့်ယာဉ်များအကြောင်း

ရန်ကုန်
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်

၂၀၁၅ခုနှစ်၊ အမြန်လမ်းမကြီးများဥပဒေ



ပုဒ်မ ၁၄။  ။ အမြန်လမ်းမကြီးပေါ်တွင် မည်သူမှ ခြေလျင်သွားခြင်း၊ စက်ဘီး သို့မဟုတ် မော်တော်ဆိုင်ကယ်စီးနင်းသွားလာခြင်း၊ ထော်လာဂျီကဲ့သို့ အနှေးယာဉ်ဖြင့်သွားလာခြင်း၊ လှည်းနှင့်တိရစ္ဆာန်များ အပါအဝင် အခြားတားမြစ်သည့် ယာဉ်များသွားလာခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းခြင်း၊ သွားလာခြင်း၊ နားနေခြင်းမပြုရ။


မှတ်ချက်။  ။ အမြန်လမ်းမကြီးပေါ်တွင် လမ်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်သားများ၊ တာဝန်ယူကြီးကြပ်သူများ၊ မောင်းနှင်ခွင့်ပြုထားသည့်မော်တော်ယာဉ်များသွားလားခြင်းများပါဝင်ခြင်းမရှိ။

ဖောက်ဖျက်ကျူးလွန်ပါက


ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ဖောက်ဖျက်ကျူးလွန်သူကို တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ငါးသောင်းမှ အများဆုံးကျပ်သုံးသိန်းအထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ပုဒ်မ ၁၈

{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}




Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card