အပြုအမူကြောင့်အမွေစွန့်လွှတ်ရခြင်း(သို့)ရထိုက်ခြင်း
စံထိုက်မှ စံစားခွင့်ရှိသည့်အမွေ ယနေ့ခေတ် အဖြစ်များနေသော အမှုများတွင် အမွေတည်းဟူသော မိသားစုရေးရာ မှုခင်းသည် ထိပ်ဆုံးနားမှပင် မားမားမတ်မတ်နေရာယူထားပေတော့သည်။ လူတို့၏ ဒေါသ၊ မောဟ၊ မာန်မာနများနှင့် အလိုရမ္မက် စောတို့သည် မိမိတို့၏ မွေးချင်းများ၊ မိဘများ၊ ညီအစ်ကိုမောင်နှမ အရင်းချာများကို လှိုက်စား၍ ဝါးမြိုပစ်လိုက်ကြ၏ ရှေးယခင်ထဲက စတင်ခဲ့သော အမွေမှုများသည်ဘယနေ့ချိန်ထိတိုင် ကပြအသုံးတော်ခံရင်း နောင်လာမည့် အချိန်များတွင်လောကဇက်ခုံပုံတွင် ဆက်လက်အောင်ပွဲခံ ကပြဖျော်ဖြေနေအုံးမည်ဖြစ်တော့၏။ မြန်မာ့ဓလေ့ထုံးတမ်းအမွေခန်းဥပဒေ အမွေဆက်ခံခွင့်ရှိသည့် ဆွေမျိုးများအနေဖြင့် သေဆုံးသွားပြီဖြစ်သည့် အမွေရှင်အပေါ်ထားရှိသည့် ၄င်းတို့၏ အပြုအမူပေါ်မှာ အခြေခံ၍ အမွေခံထိုက်သည်၊ အမွေခံမထိုက်သည်ကို ဆုံးဖြတ်လေ့ရှိကြသည်။ အမွေရှင်အသက်ထင်ရှားရှိစဉ် သာစဉ်နာစဉ် အချိန်ခါက ပြုစုစောင့်ရှောက်အပ်သည့်ဆွေမျိုးဝတ်တွေကိုသိလျက် တမင်သက်သက်ရည်ရ...