အပြုအမူကြောင့်အမွေစွန့်လွှတ်ရခြင်း(သို့)ရထိုက်ခြင်း
စံထိုက်မှ စံစားခွင့်ရှိသည့်အမွေ
ယနေ့ခေတ် အဖြစ်များနေသော အမှုများတွင် အမွေတည်းဟူသော မိသားစုရေးရာ မှုခင်းသည် ထိပ်ဆုံးနားမှပင် မားမားမတ်မတ်နေရာယူထားပေတော့သည်။
လူတို့၏ ဒေါသ၊ မောဟ၊ မာန်မာနများနှင့် အလိုရမ္မက် စောတို့သည် မိမိတို့၏ မွေးချင်းများ၊ မိဘများ၊ ညီအစ်ကိုမောင်နှမ အရင်းချာများကို လှိုက်စား၍ ဝါးမြိုပစ်လိုက်ကြ၏
ရှေးယခင်ထဲက စတင်ခဲ့သော အမွေမှုများသည်ဘယနေ့ချိန်ထိတိုင် ကပြအသုံးတော်ခံရင်း နောင်လာမည့် အချိန်များတွင်လောကဇက်ခုံပုံတွင် ဆက်လက်အောင်ပွဲခံ ကပြဖျော်ဖြေနေအုံးမည်ဖြစ်တော့၏။
မြန်မာ့ဓလေ့ထုံးတမ်းအမွေခန်းဥပဒေ
အမွေဆက်ခံခွင့်ရှိသည့် ဆွေမျိုးများအနေဖြင့် သေဆုံးသွားပြီဖြစ်သည့် အမွေရှင်အပေါ်ထားရှိသည့် ၄င်းတို့၏ အပြုအမူပေါ်မှာ အခြေခံ၍ အမွေခံထိုက်သည်၊ အမွေခံမထိုက်သည်ကို ဆုံးဖြတ်လေ့ရှိကြသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAWqbFRTshXNsUbMIrpuYOKhALcH3at3LIL_-0F2Y6WdB9-ggtNKTqot93VUpS5nvqlVLUxpUa-0HCKzH0XZGo4PKhGRgow3UOmRINh25c-7bjDddss9X9LlvObD233O_SnBsgS4m018KI/)
အမွေရှင်အသက်ထင်ရှားရှိစဉ် သာစဉ်နာစဉ် အချိန်ခါက ပြုစုစောင့်ရှောက်အပ်သည့်ဆွေမျိုးဝတ်တွေကိုသိလျက် တမင်သက်သက်ရည်ရွယ်ပြီး ပျက်ကွက်လစ်ဟင်းကြောင်း၊ စွန့်ပစ်ထားကြောင်း ထင်ရှားပီပြင်စွာပေါ်ပေါက်နေပါက ထိုသို့ ပျက်ကွက်ခဲ့သူသည် အမွေရသင့်သည် ဆွေမျိုးဖြစ်နေစေကာမူ အမွေမရနိုင်ပေ။
အမွေရှင်အသက်ထင်ရှားရှိစဉ် ထောက်ပံ့ကြည့်ရှုစောင့် ရှောက်ပြီး သေဆုံးချိန်တွင် အသုဘအခမ်းအနား ပြုလုပ်ဆောင်ရွက်သည့် အမွေဆက်ခံခွင့်မရှိသူဖြစ်စေကာမူ ထိုသို့သောအပြုအမူများကြောင်း အမွေရမည်ဖြစ်သည်။ မမြနှင့်မောင်ကြွက် (11/BLR/228)
သားသမီးများအနေဖြင့်လည်း မပြုလုပ်သင့်သည့် အပြုအမူကိုပြုမူလျှင်သော်လည်းကောင်း၊ မိဘနှင့်ဆန့်ကျင်ဘက် ပြုမူ လျှင်သော်လည်းကောင်း၊ ထိုသို့ပြုမူနေသူများသည် မိဘအမွေကိုဆက်ခံခွင့်မရရှိနိုင်ပေ။ ဦးဖိုးဦးမောင်နှင့်မောင်အေးမောင်(၁၁.ရန်ကုန်.၃၉)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KGuE3NUeHBQW-m0vPGuTID1-VBb7SyfsPjCfN9NvFRb3tmv2j6fE1bu0qUamDUkA7ck-xAS405HwyrjaFvguW6EOjYcztlM4yUV8e9yB9ZcU5E-OpYpYbaGeUlGQnKhpASPKIlCAwo6Q/)
မိဘများမှ သားသမီးများကို သတင်းစာကြော်ငြာများမှတစ်ဆင့် အမွေပြတ်စွန့်လွှတ်ကြောင်းထည့်သွင်းကြော်ငြာနေသည်ကို မကြာခဏမြင်တွေ့နေရပေသည်။ ထိုသို့ကြော်ငြာသော်လည်း မြန်မာဓလေ့ထုံးတမ်းအမွေခန်းဥပဒေတွင် မိဘများမှ သားသမီးကို မိမိတို့ ဆန္ဒသဘောတည်းဖြင့် အမွေမဖြတ်နိုင်သည်ကိုသိရှိထားသင့်သည်။ မပုနှင့်ဒေါ်အေးမြ(၁၉.မတစ.၁၉၄၈)
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေရှင်အား ပြုစုစောင့်ရှောက်သူ ဆွေမျိုးမတော်သည့် သူစိမ်းတစ်ယောက်သည်လည်းကောင်း၊ သာမန်ဆွေမျိုးတစ်ယောက်သည်လည်းကောင်း မည်မျှပင်ပြုစုစောင့်ရှောက်စေကာမူ အမွေခံသားချင်းများကို အမွေမှဖယ်ထုတ်ခြင်းမပြုနိုင်။
ထို့ပြင်အမွေရှင်အားပြုစုစောင့်ရှောက်သော အမွေခံသားချင်းတစ်ယောက်သည် အမွေရှင်အားသာစဉ်နာစဉ်ပြုစုစောင့်ရှောက်သင့်သည့် သာမန်ဆွေမျိုးဝတ်၊ သံယောဇဉ်ပျက်ကွက်သည့် အခြားအမွေခံသားချင်းများကို ဖယ်ထုတ်၍ အမွေဆက်ခံနိုင်ခွင့်ရှိသည်။ ဦးမောင်မောင်ညိမ်းပါ၂နှင့်ဒေါ်သန်းပါ၁၂(၂၀၁၅ခုနှစ်၊မတစ၊ စာ-၁၀၂)
ယနေ့ခေတ် အဖြစ်များနေသော အမှုများတွင် အမွေတည်းဟူသော မိသားစုရေးရာ မှုခင်းသည် ထိပ်ဆုံးနားမှပင် မားမားမတ်မတ်နေရာယူထားပေတော့သည်။
လူတို့၏ ဒေါသ၊ မောဟ၊ မာန်မာနများနှင့် အလိုရမ္မက် စောတို့သည် မိမိတို့၏ မွေးချင်းများ၊ မိဘများ၊ ညီအစ်ကိုမောင်နှမ အရင်းချာများကို လှိုက်စား၍ ဝါးမြိုပစ်လိုက်ကြ၏
ရှေးယခင်ထဲက စတင်ခဲ့သော အမွေမှုများသည်ဘယနေ့ချိန်ထိတိုင် ကပြအသုံးတော်ခံရင်း နောင်လာမည့် အချိန်များတွင်လောကဇက်ခုံပုံတွင် ဆက်လက်အောင်ပွဲခံ ကပြဖျော်ဖြေနေအုံးမည်ဖြစ်တော့၏။
မြန်မာ့ဓလေ့ထုံးတမ်းအမွေခန်းဥပဒေ
အမွေဆက်ခံခွင့်ရှိသည့် ဆွေမျိုးများအနေဖြင့် သေဆုံးသွားပြီဖြစ်သည့် အမွေရှင်အပေါ်ထားရှိသည့် ၄င်းတို့၏ အပြုအမူပေါ်မှာ အခြေခံ၍ အမွေခံထိုက်သည်၊ အမွေခံမထိုက်သည်ကို ဆုံးဖြတ်လေ့ရှိကြသည်။
အမွေရှင်အသက်ထင်ရှားရှိစဉ် သာစဉ်နာစဉ် အချိန်ခါက ပြုစုစောင့်ရှောက်အပ်သည့်ဆွေမျိုးဝတ်တွေကိုသိလျက် တမင်သက်သက်ရည်ရွယ်ပြီး ပျက်ကွက်လစ်ဟင်းကြောင်း၊ စွန့်ပစ်ထားကြောင်း ထင်ရှားပီပြင်စွာပေါ်ပေါက်နေပါက ထိုသို့ ပျက်ကွက်ခဲ့သူသည် အမွေရသင့်သည် ဆွေမျိုးဖြစ်နေစေကာမူ အမွေမရနိုင်ပေ။
အမွေရှင်အသက်ထင်ရှားရှိစဉ် ထောက်ပံ့ကြည့်ရှုစောင့် ရှောက်ပြီး သေဆုံးချိန်တွင် အသုဘအခမ်းအနား ပြုလုပ်ဆောင်ရွက်သည့် အမွေဆက်ခံခွင့်မရှိသူဖြစ်စေကာမူ ထိုသို့သောအပြုအမူများကြောင်း အမွေရမည်ဖြစ်သည်။ မမြနှင့်မောင်ကြွက် (11/BLR/228)
သားသမီးများအနေဖြင့်လည်း မပြုလုပ်သင့်သည့် အပြုအမူကိုပြုမူလျှင်သော်လည်းကောင်း၊ မိဘနှင့်ဆန့်ကျင်ဘက် ပြုမူ လျှင်သော်လည်းကောင်း၊ ထိုသို့ပြုမူနေသူများသည် မိဘအမွေကိုဆက်ခံခွင့်မရရှိနိုင်ပေ။ ဦးဖိုးဦးမောင်နှင့်မောင်အေးမောင်(၁၁.ရန်ကုန်.၃၉)
မိဘများမှ သားသမီးများကို သတင်းစာကြော်ငြာများမှတစ်ဆင့် အမွေပြတ်စွန့်လွှတ်ကြောင်းထည့်သွင်းကြော်ငြာနေသည်ကို မကြာခဏမြင်တွေ့နေရပေသည်။ ထိုသို့ကြော်ငြာသော်လည်း မြန်မာဓလေ့ထုံးတမ်းအမွေခန်းဥပဒေတွင် မိဘများမှ သားသမီးကို မိမိတို့ ဆန္ဒသဘောတည်းဖြင့် အမွေမဖြတ်နိုင်သည်ကိုသိရှိထားသင့်သည်။ မပုနှင့်ဒေါ်အေးမြ(၁၉.မတစ.၁၉၄၈)
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေရှင်အား ပြုစုစောင့်ရှောက်သူ ဆွေမျိုးမတော်သည့် သူစိမ်းတစ်ယောက်သည်လည်းကောင်း၊ သာမန်ဆွေမျိုးတစ်ယောက်သည်လည်းကောင်း မည်မျှပင်ပြုစုစောင့်ရှောက်စေကာမူ အမွေခံသားချင်းများကို အမွေမှဖယ်ထုတ်ခြင်းမပြုနိုင်။
ထို့ပြင်အမွေရှင်အားပြုစုစောင့်ရှောက်သော အမွေခံသားချင်းတစ်ယောက်သည် အမွေရှင်အားသာစဉ်နာစဉ်ပြုစုစောင့်ရှောက်သင့်သည့် သာမန်ဆွေမျိုးဝတ်၊ သံယောဇဉ်ပျက်ကွက်သည့် အခြားအမွေခံသားချင်းများကို ဖယ်ထုတ်၍ အမွေဆက်ခံနိုင်ခွင့်ရှိသည်။ ဦးမောင်မောင်ညိမ်းပါ၂နှင့်ဒေါ်သန်းပါ၁၂(၂၀၁၅ခုနှစ်၊မတစ၊ စာ-၁၀၂)
Comments
Post a Comment