ဥပဒေအရသတ်မှတ်ထားသည့်အလုပ်ချိန်နှင့်အချိန်ပို

⚖⚖⚖⚖⚖⚖⚖⚖⚖⚖⚖⚖⚖

         လူတိုင်း အလုပ်ပြီးပါက စောစောအိမ်ပြန်ခြင်ကြသည်မှာ သဘာဝပင်ဖြစ်၏။ အိမ်တွင် စောင့်မျှော်နေကြသည့် မိမိတို့ချစ်သည့် မိသားစုများ၊ အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ ညီအစ်ကိုမောင်နှမရှိနေတက်ကြသည်။  ထိုသို့ စောင့်မျှော်နေကြသူများ ရှိကြသော်လည်း မိမိလုပ်ငန်းခွင်၏အလုပ်တာဝန်များကြောင့်နောက်ကျခြင်း၊ ငွေကြေးရပ်တည်မှုအရ အချိန်ပိုလုပ်ရင်း ငွေကြေးစုစောင်းနေကြသူများရှိကြပေသည်။
           သို့သော် အချိန်ပိုအလုပ်ဆင်းခြင်းမျိုးအား ဥပဒေပြဌာန်း ချက်များနှင့်နိုင်ငံတော်မှသတ်မှတ်ထားသည်။ သာမန်အလုပ်ချိန်ကဘယ်ချိန်လည်း၊ အချိန်ပိုကိုဘယ်လိုသတ်မှတ်မလည်းဆိုသည့်အချက်များ ပါဝင်သည်။



၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ

        ဆိုင် သို့မဟုတ် အလုပ်ဌာနတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးကို တစ်ရက်လျှင် ၈နာရီ၊ ရက်သတ္တပတ်လျှင် ၄၈ နာရီထက်ပို၍လည်းကောင်း အလုပ်မလုပ်စေရ။ သို့သော် တစ်ရက်လျှင် ၈ နာရီထက်ပို၍လည်းကောင်း၊ ရက်သတ္တပတ်လျှင် ၄၈ နာရီထက်ပို၍လည်းကောင်း အလုပ်လုပ်စေလိုလျှင် အလုပ်သမား၏ သဘောဆန္ဒရယူ၍ ဥပဒေနှင့်အညီအချိန်ပိုလုပ်ကိုင်နိုင်သည်။ {ပုဒ်မ ၁၁(က)}

         အချိန်ပိုလုပ်ရသည့်နာရီစုစုပေါင်းသည် မည်သည့်ရက်သတ္တပတ်တွင်မဆို ၁၂ ထက်မပိုစေရ။အထူးကိစ္စရပ်များကြောင့် အချိန်ပိုလုပ်ရန် လိုအပ်ချက်ရှိပါက ရက်သတ္တပတ်တစ်ပတ်တွင် ၁၆ နာရီထက်မပိုစေရ။ ထို့ပြင် ညဥ့်သန်းခေါင် ၁၂ နာရီထက်ကျော်လွန်လုပ်ကိုင်ခြင်းမပြုရ။ {ပုဒ်မ ၁၁(ခ)}

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card