ရဲတပ်ဖွဲ့ဝင်တိုင်သည် ပြည်သူလူထု၏ ဝန်ထမ်းဖြစ်သည်


ရဲလက်စွဲ(ဒုတိယတွဲ)
အပိုဒ် ။     ။ ၁၀၅၆
အပိုဒ်ခွဲ။    ။ က
           ရဲတပ်ဖွဲ့ဝင်တိုင်း၏ အလုပ်ဝတ္တရားမှာ ပြည်သူလူထုနှင့် ပျူ ပျူ ငှာငှာ မိတ်ဆွေကဲ့သို့ ရှိစေရမည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထုနှင့် ပေါင်းသင်းဆက်ဆံခြင်းမရှိ၍ အကူအညီ မရရှိခဲ့သော် အလုပ်ဝတ္တရားဆောင်ရွက်ခြင်း၌ ခဲယဉ်းသည်သာမက ထမြောက်အောင်မြင်လိမ့်မည်မဟုတ်။ ထို့ကြောင့် ရဲတပ်ဖွဲ့ ဝင်တိုင်း စိတ်ထားကောင်းမွန်စွာနှင့် ပြည်သူလူထုတို့အား ပျူ ပျူ ငှာငှာ ပေါင်းသင်းဆက်ဆံရမည်။ ရဲတပ်ဖွဲ့ဝင်တို့မှာ ပြည်သူလူထု၏ ဝန်ထမ်းဖြစ်သည့်အလျောက် ပြည်သူလူထုတို့အပေါ်တွင် မိမိတို့ကိုယ်ကို အုပ်ချုပ်သူ အရှင်သခင်ဟု ထင်မှတ်ခြင်းမရှိရ။ ပြည်သူလူထုတို့အပေါ်တွင် နိုင်လိုမင်းထက် မယဉ်ကျေးသည့် အပြုအမူကို ပြုခဲ့လျှင်၊ ရဲတပ်ဖွဲ့ဝင်တို့ကို စက်ဆုပ်ရွံရှာလိမ့်မည့်အပြင် မည်သည့်ပြည်သူလူထုကမျှ ကူညီစောင်မလိမ့်မည်မဟုတ်။

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card