မည်သည့်အချက်ပေါ်မူတည်ပြီး ကလေးသူငယ်အပေါ် ပြစ်ဒဏ်ချမှတ်ရမည်နည်?

     ကလေးသူငယ်ဆိုသည်မှာ အသက်၁၆နှစ်မပြည့်သေးသူကိုဆိုလိုသည်။ အပြစ်ကျူးလွန်သော ကလေးသူငယ်များအပေါ်တွင်အမိန့်ချမှတ်ရာ၌ ကျူးလွန်သောပြစ်မှု အကြီးအသေးအပေါ်မူတည်၍ ပြစ်မှုကြီးလျှင် ကြီးလေးသောအပြစ်ဒဏ်၊ ပြစ်မှုသေးလျှင် သေးငယ်သောအပြစ်ဒဏ် ချမှတ်ခြင်းမျိုးမဟုတ်ဘဲ ထိုသို့ချမှတ်ခြင်းမျိုးလည်း မပြုရပါ။ ပြစ်မှုကျူးလွန်သော ကလေးသူငယ်များအား တရားရုံးမှ အပြစ်ဒဏ်ပေးရာတွင် ကလေးသူငယ်၏ အကျင့်စာရိတ္တနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်တွင် အခြေခံ၍ ကလေးသူငယ်အတွက်အကျိုးရှိမည့် ပြုပြင်ရေးသဘောသက်ရောက်သော အမိန့်များကိုသာချမှတ်ရမည်။ ပြစ်မှုအကြီးအသေးပေါ်အခြေခံ၍ အမိန့်မချရ။

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card