သင့်ကြောင့်မီးမလောင်ပါစေနှင့်

       ရန်သူမျိုး (၅)ပါးထဲမှာ မီးထက်ဆိုးသည့် ရန်သူမရှိတော့ပါ။
       ရာသီဥတုအားဖြင့်လည်း ပူပြင်းလှသည့် ရာသီကို ဖြတ်သန်းနေရပြီဖြစ်၍ မီးဘေးအန္တရာယ်အချိန်မရွေးကျရောက်လာနိုင်သဖြင့် ကြိုတင်သတိဖြင့် ကာကွယ်တားနိုင်းနိုင်ကြပါစေ။
        သာမန်မီးလောင်မှုဖြင့် အရေးယူတရားစွဲဆိုခံရပါက ပြစ်ဒဏ်မှာ ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ တွင် ပြဌာန်းထားပါသည်။


ရာဇသတ်ကြီး၊
ပုဒ်မ ၂၈၅
မည်သူမဆို လူ့အသက်အန္တရာယ်ဖြစ်အောင်၊ သူတစ်ပါး နာကျင်စေတန်လောက်အောင်၊ နစ်နာစေတန်လောက်အောင် မီးဖြင့် သို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုဖြင့် ပြုလုပ်မှုတစ်ခုခုကို အရမ်းဖြစ်စေ။ ပေါ့လျော့စွာဖြစ်စေ ပြုလျှင်
                           (သို့မဟုတ်)
မီးကြောင့်သော်လည်းကောင်း၊ မီးလောင်လွယ်သောအရာဝတ္ထုကြောင့် လူ့အသက်အန္တရာယ်ဖြစ်ဖွယ်ရှိခြင်းမှ ကာကွယ်ရန် လုံလောက်အောင် မီးကို သို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုကို နေရာတကျမထားဘဲ သိလျက်နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို ၃ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card