တရားစီရင်​ရာတွင်​လိုက်​နာရမည့်​မူများ(၃)
၁။  မောင်​ခက်​နှင့်​​မောင်​ဆို
း(၁၈၉၇-၀၁)အထက်​မြန်​မာအတွဲ၂စာ၃၇၉(၃၈၀)တွင်
 အမှုသည်​တို့သည်​အ ​ကြောင်းအချ က်​များကို ​ဖော်​ထုတ်​၍ တရားရုံး၏ဆုံး ဖြတ်​ချ က်​ကိုခံယူရန်​ဖြစ်​သည်​၊ ဥပ​ဒေနှင့်​စပ်​ဟပ်​၍ အဆုံးအဖြတ်​​ပေးရန်​မှာတရားရုံး၏တာဝန်​ဖြစ်​သည်​၊ အမှု သည် ​များကဆိုင်​ရာဥပ​ဒေကိုမတင်​ပြမိသည်​ဖြစ်​​စေ၊ အမှား တင်​ပြသည်​ဖြစ်​​စေပဓာနကျ သည်​မဟုတ်​၊ ဥပ​ဒေအမှန်​ကို ​ဖော်​ထုတ်​ရန်​မှာတရားရုံး၏အလုပ်​ပင်​ဖြစ်​သည်​။ 
       တရားရုံးများကလိုက်​နာရမည့်​ကျင့်​စဉ်​မူသ​ဘောမှာ အမှု သည်​တို့၏အခွင့်​အ​ရေးကိုအမှုစွဲဆိုသည့်​အတိုင်း​ဆုံးဖြတ်​ရန်​ဖြစ်​သည်​။ အမှုစွဲဆိုပြီးမှရရှိ​သောအခွင့်​​အ​ရေးများအ​ပေါ်အ​ခြေခံ၍ အဆုံးအဖြတ်​​ပေးရန်​မဟုတ်​​ပေ။
၃။     မိုဟာမက်​အလီ(မူရာမက်​အလီ)နှင့်​ဆလီမာဘီဘီ 
(ဟာလီမာဘီဘီ)၁၉၆၇မတစ၇၃၅တွင်
  တရားရုံးများ အ​နေဖြင့်​အမှန်​တရားကို ရှာ​ဖွေထုတ်​​ဖော်​ ​ပေးရန်​တာ ဝန်​ရှိသဖြင့်​အမှုသည်​တဦးဦးကမသိနားမလည်​၍   ​သော်​လည်း​ကောင်းသတိလစ်​၍​သော်​လည်း​ကောင်း သက်​သာ ခွင့်​ကို ​တောင်းဆိုခဲ့ခြင်းမရှိ​စေကာမူထိုသက်​ သာခွင့်​ကို ရထိုက်​​ကြောင်း​ပေါ်​နေပါကခွင့်​ပြုရမည်​ဖြစ်​ သည်​။ သို့ရာတွင်​တရားရုံး သည်​အမှုသည်​တဦးဦးအ တွက်​အမှုကို ဖန်​တီး​ပေးလျှ င်​မူဘက်​လိုက်​ရာကျ မည်​ဖြစ်​၍ ထိုကိစ္စမျိုးကိုပြုလုပ်​ရန်​မသင့်​​ပေဟုဆုံး 
ဖြတ်​ထားပါသည်​၊ 
Comments
Popular posts from this blog
ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်
မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ
Labour Card