စစ်မှုထမ်းကြောင့် နိုင်ငံသားတစ်ဦး သေဆုံးခြင်းနှင့် ရဲတာဝန်
ရဲလက်စွဲ[ဒုတိယတွဲ]
အပိုဒ် ။ ။ ၁၇၇၄
စစ်မှုထမ်းများကြောင့် နိုင်ငံသားတစ်ဦးတစ်ယောက်၏ အသက်ဆုံးရှုံးသည်ဟု မင်္သကာရန်အကြောင်း ယုတ္တိရှိသည့် အမှုအရပ်ရပ်ကို ပြန်တမ်းဝင်အရာရှိ မြို့နယ်ရဲတပ်ဖွဲ့မှုးထက်မနိမ့် သောအရာရှိက စစ်ဆေးမေးမြန်းရမည်။
တရားသူကြီးအနေဖြင့် စစ်ဆေးမည်ဆိုပါက အမှုထမ်း အရည်အချင်းနှင့်ပြည့်စုံသူအဆင့်(၃)တရားသူကြီးထက်မနိမ့်သော မြို့နယ်တရားသူကြီးကဖြစ်စေ၊ ခရိုင်တရားသူကြီးကဖြစ် စေဆောင်ရွက်ရမည်။
၎င်းသူများကို စွဲဆိုသည့်အခါ နိုင်ငံတော်ရှေ့နေချုပ်ရုံး၏ တာဝန်ပေးအပ်ခြင်းခံရသော ဥပဒေအရာရှိက လိုက်ပါဆောင် ရွက်ရမည်။ စစ်ဘက်ဆိုင်ရာအရာရှိတို့၏ အကူအညီအထောက်အပံ့ကို ရယူ၍၊ စစ်ဆေးရန်လိုအပ်မည့် စစ်မှုထမ်းများကို ဆောလျင်စွာဖြင့် ပြည့်စုံစွာ စစ်ဆေးမေးမြန်းရန် အရေးကြီးပေသည်။
လူသေအလောင်းကို ဆရာဝန်ကိုယ်တိုင် စစ်ဆေးရမည်။ ၄င်းအကြောင်းကို ဆရာဝန်က သတိပြုနိုင်စေရန် ဆရာဝန်ကိုယ်တိုင်စစ်ဆေးရမည့်အမှုဖြစ်ကြောင်း ထင်ရှားစေလောက်သည့် အကြောင်းသတင်းကို ရဲတပ်ဖွဲ့ဝင်တို့က ဆရာဝန်ထံ အကြောင်း ကြားရမည်။
ဆိုခဲ့သည့်အချက်ကို သဘောပေါက်ပြီးလျှင် ရဲစခန်းမှူးက လူသေအလောင်းကို ဆေးရုံသို့ပို့သည့်အခါ အလောင်းနှင့် အတူပို့သည့်ဆေးစာပုံစံတွင် ''စစ်မှုထမ်းများကကျူးလွန်သည့် လက်ရောက်မှု ဆရာဝန် သတိပြုစေလိုသည်''ဆိုသည့် စကားကို မှင်နီဖြင့် မြင်သာအောင် ရေးသားရမည်။
စစ်မှုထမ်းများကို ဖမ်းဆီးခြင်းနှင့်စပ်လျဉ်း၍ မည်သို့လိုက်နာရမည့် အကြောင်းနှင့် အပိုဒ်(၁၇၃၅)တွင် သတ်မှတ်ချက်ပါ ရှိသည့် နည်းလမ်းနှင့် သေမှုသေခင်းစစ်ဆေးခြင်းနှင့် စပ်လျဉ်း သည့် အခန်း(၆၀)တွင် ပါရှိသည့်နည်းလမ်းများကိုလည်း အလေးဂရုပြုစေလိုသည်။
(အပိုဒ်(၁၇၃၅)နှင့်အခန်း(၆၀)အား အလျဉ်းသင့်သလို ရေးသား တင်ပြပါမည်။)
By: Eugenia Myanmar
{မြန်မာသပြေ}
Comments
Post a Comment