ကိုယ်င်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာဥပဒေ
ကိုယ်င်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာဥပဒေ
ယနေ့ခေတ်ရုပ်ရှင်၊ အခွေများထဲတွင် ဆရာဝန်များ၏ ဘဝဇာတ်ကြောင်းများ၊ သမားဂုဏ်များအား ဇာတ်ညွှန်၊ ဇာတ်အိမ်တည်ကာ တခမ်းတနားရိုက်၍ ပရိတ်သတ်များ၏ အားပေးမှုလက်ခုပ်သံအား သိမ်းယူနေကြသည်။
ပရိတ်သတ်၏ အားပေးမှုနှင့် ထိုက်တန်အောင်လည်း လူနာခွဲစိတ်ရာတွင်အခက်အခဲပေါင်းများစွာ၊ ဆရာဝန်များ၏ ကျွမ်းကျင်လိမ်မာပါးနပ်မှု၊ လူနာအချင်းချင်းအနစ်နာခံကာကူညီဖေးမစောင့်ရှောက်မှုများကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူနိုင်ခဲ့ကြသည်။
စာရေးသူအနေနဲ့လည်း လက်ရှိတွင် ဆရာဝန်ကား တစ်ကား(ကိုရီးယားကား)ကို ကြည့်ရှုရင်း နှလုံးအစားထိုး ကုသရန် ပြင်ဆင်နေသည့်လူနာ ခွဲစိတ်မှုအောင်မြင်စေရန် ရင်တထိတ်ထိတ်နှင့် ကြည့်ရှုနေရဆဲဖြစ်၏။
ထိုသို့ ကြည့်ရှုဆဲတွင် အတွေးတစ်ခု ဦးဏှောက်လိုင်းထဲ စီးဆင်းလာတော့သည်။ မိမိနိုင်ငံတွင်လည်း အစားထိုးကုသခြင်း များ ပေါ်ထွက်လာသော်လည်း သတိမမူပဲ ရှိခဲ့သည်။ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လှူ ဒါန်းခြင်းကိုလည်း နိုင်ငံတော်မှ အသိအမှတ်ပြုပြီး ဥပဒေများထုတ်ပြန်ခဲ့ကြသည်။ သို့သော်လည်း ဥပဒေအတည်ပြုစဉ်ကပင် လူစိတ်ဝင်စားမှုနည်းခဲ့ပြီး၊ ယနေ့အချိန်ထိလည်း သိရှိမှုကျယ်ပြန့်ခြင်းလည်းမရှိသေးပါ။
စာရေးသူအတွေးထဲဝင်လာသည့် အတွေးများအနက် က်ုယ်အင်္ဂါအစိတ်အပိုင်းလှူ ဒါန်းခြင်းဥပဒေကိုသာ စာဖတ်သူများ စိတ်ဝင်စားအောင် ရေးသားနိုင်မည်ဆိုပါက အသက်ကံကုန်တော့မည့်သူများလည် ကောင်းမွန်သည့်အင်္ဂါအစိတ်အပိုင်းကို လှူ ဒါန်းပြီး ကုသိုလ်ပွားများနိုင်မည်။ မိမိမှ ပေးလှူ လိုက်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်ကြောင့် အလှူ ခံပုဂ္ဂိုလ်မှလည်း ကျန်းမာချမ်းသာလာမည်၊ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးများဆောင်ရွက်နိုင်မည်၊ သာသာနာ့အကျိုးဆထက်ထမ်းပိုးထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း တွေးမိ၏။
မိမိ၏ ပေးလှူ လိုက်သော ကိုယ်အင်္ဂါအစိတ်အပိုင်းကြောင် အဘက်ဘက်အရပ်ရပ်တွင် ကောင်းကျိုးများစွာခံစားရမည် ဖြစ်ကြောင်း တွေးမိပါသည်။ အလှူ တက အလှူ ထဲတွင် မိမိအသွေးအသားနှင့် ရင်းပြီး လှူ ဒါန်းသည့်အလှူ ထက် သာလွန်မည့် အလှူ မရှိတော့ကြောင်း တွေးမိပါသည်။
ဒါ့ကြောင့်လည်း ဘယ်လိုလူတွေ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူ ၍ရသလည်း၊ လှူ မည့်သူမှ ဘယ်လိုအချက်အလက်များနှင့်ကိုက်ညီရမလည်း၊ အလှူ ခံမည့်သူအကြောင်း ခွဲစိတ်ရာတွင်လိုက်နာရမည့်အချက်တွေကို စိတ်ဝင်တစား ဖတ်ရှုနိုင်စေရန် ရးသာမည်ဟုဆုံးဖြတ်ချက်ချခဲ့ပါသည်။
အသိဥာဏ်များပွင့်လင်းရန် ထပ်မံရေးသားဖော်ပြပါမည်………
Comments
Post a Comment