ရဲတပ်ကြပ်တာဝန်ဝတ္တရား
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် များပြားစွာသော လုပ်ငန်းတာဝန်များ ထမ်းဆောင်နေရပြီ ထိုသို့လုပ်ငန်းတာဝန်ဝတ္တရားများ အောင်မြင်စွာထမ်းဆောင်နိုင်ရန် လူပုဂ္ဂိုလ်အသီးသီး၊ ရာထူးအဆင့်အတန်းအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပေးနေရသည်။ များပြားထွေပြားလွန်းသော လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အလုပ်တာဝန် မလစ်ဟင်းစေရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား ရာထူးအလျောက် လုပ်ငန်းတာဝန်ဝတ္တရားများအား ပိုင်းခြားပေးထား၏။ သို့မှသာ ကျရာ မိမိတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်၏။ ထိုသို့ထမ်းဆောင်ရာတွင် ရာထူးအဆင့်တန်းအမျိုးမျိုးအား တာဝန်ဝတ္တရား အသီးသီးပိုင်းခြားထားပြီး ထို့အထဲကမှ ရဲတပ်ကြပ်တစ်ဦး၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
(ရဲတပ်ကြပ်ကြီးသည် ရဲစခန်းတွင် ရဲစခန်းမှူးအား ကူညီရသူတစ်ဦးဖြစ်သဖြင့် ၄င်းထက်ရာထူးအဆင့်ငယ်သောရဲတပ်သား ဒုတပ်ကြပ်နှင့် ရဲတပ်ကြပ်တို့၏ ခေါင်းဆောင်တစ်ဦးအနေနှင့် ရဲလုပ်ငန်းများတွင် ဆောင်ရွက်ရမည်။ ထို့ပြင် ရဲတပ်ကြပ်ကြီးသည် အမှုစစ်ဆေးခြင်း၊ လူဆိုးစုံ ထောက်ခြင်း၊ ကင်းလှည့်ခြင်း၊ အချုပ်သားနှင့် အစိုးရဘဏ္ဍာများကို ကြပ်မက်ပို့ဆောင်ခြင်းနှင့် ရဲကင်းမှူးအဖြစ် ဆောင်ရွက်ခြင်းများကို ပြုလုပ်ရမည်။ ရဲတပ်ကြပ်ကြီးသည် တစ်ခါတစ်ရံ မလွှဲရှောင်သာသောအခါတွင် ရဲ စခန်းကို ခေတ္တတာဝန်ယူ၍ အုပ်ချုပ်ရမည်။
ရဲတပ်ကြပ်ကြီး၏ ဝတ္တရားများမှာ မိမိ၏ အထက်အရာရှိများဖြစ်သော ရဲစခန်းမှူး၊ ဒုရဲအုပ်နှင့် ရဲအရာခံများအား တက်နိုင်သမျှကူညီရန်နှင့် ၄င်းတို့၏ အမိန့်များကို နာခံရန်ဖြစ်သည်။ ထို့ကြောင့် ရဲတပ်ကြပ်ကြီးသည် ရဲတပ်သားတို့၏ အလုပ်ဝတ္တရား ဆောင်ရွက်ခြင်းကို ကြပ်မတ်ကြည့်ရှု၍ ၄င်းတို့၏ အကျင့်စာရိတ္တဖောက်ပြားမှုနှင့် စည်းကမ်းပျက်ပြားခြင်းများကို မိမိသိရှိသည့်အတိုင်း အထက်အရာရှိထံ အစီရင်ခံရမည်။)
(ကိုးကား)
ရဲလက်စွဲ ဒုတိယတွဲ၊
အပိုဒ် ၁၀၈၃၊ ၁၀၈၄
by: Eugenia Myanmar
Comments
Post a Comment