ကိုယ်အင်္ဂါအစိတ်အပိုင်းလှူ ဒါန်းခြင်သူများအတွက် အပိုင်း(၁)
၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူ ဒါန်းခြင်းဆိုင်ရာဥပဒေ ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။
ဥပဒေအရ ကိုယ်အင်္ဂါအစိတ်အပိုင်းဆိုသည်မှာ××× လူ၏ ခန္ဓာကိုယ်နှင့် ယင်းခန္ဓာကိုယ်ဖွဲ့စည်းမှုတွင်ပါဝင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကိုဆိုလိုသည် ဟု ပြဌာန်းထားပြီးဖြစ်၏။
ထို့ကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းဟုဆိုရာတွင် လူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ဆိုလိုသည်ဟု အကြမ်းမျဉ်း သတ်မှတ်ရမည်ဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် တန်ဖိုးကြီးမားလှသော အင်္ဂါအစိတ်အပိုင်းပင်ဖြစ်ပေသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်းလှူ ဒါန်းခြင်းဆိုင်ရာဥပဒေတွင် သေဆုံးသူဟု သတ်မှတ်ထားချက်ရှိ၏။ ထိုသို့ သေဆုံးသူဟုရာတွင်××× အကြောင်းတစ်ခုခုကြောင့် လူ၏ဦးနှောက်လုပ်ငန်းများအားလုံးလုံးဝရပ်စဲခြင်းသော်လည်းကောင်း သွေးလည်ပတ်မှုလုပ်ငန်းများအားလုံး လုံးဝရပ်စဲသွား၍သော်လည်းကောင်း သက်ဆိုင်ရာ ဆရာဝန်များက သေဆုံးကြောင်း အတည်ပြုခြင်းခံရသူကိုဆိုလိုသည်ဟု သတ်မှတ်ပြဌာန်းထားသည်။
ဆရာဝန်မှသေဆုံးကြောင်းအတည်ပြုသည်ဟုဆိုထားသဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူ ဒါန်းမည့်သူအား သေဆုံးကြောင်းကို တိကျသေချာစွာ စစ်ဆေးမှုခံယူပြီးမှသာ သေဆုံးသည်ဟုသတ်မှတ်အတည်ပြုရမည်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပြီး ဖြစ်သည်။
ထိုသို့ပြဌာန်းထားခြင်းသည် ကိုယ်အင်္ဂါအစိတ်ပိုင်း လှူဒါန်းမည့်သူ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းအား သေဆုံးပြီးမှသာ လှူ ဒါန်းရယူ၍ရမည်ဖြစ်ပြီး မဆုံးပါးခင်ကတည်းက ကိုယ်အင်္ဂါအစိတ်အပိုင်းများ ထုတ်ယူလှူ ဒါန်းခြင်းအား တင်းကြပ်စွာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကန့်သတ်ထားခြင်းပင်ဖြစ်၏။ (ဆက်ရန်)
Comments
Post a Comment