အလုပ်ရှင် အလုပ်သမား သိကောင်းစရာအဖြာဖြာ
ကုမ္ပဏီများ၊ စက်ရုံများ၊ စာသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများနှင့် ပုဂ္ဂလိကအလုပ်ဌာနနေရာတော်တော်များများတွင် အလုပ်ရှင်နှင့် အလုပ်သမား အလုပ်ခန့်ထားခြင်းဆိုင်ရာနှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုရမည်ဟု သက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ပြီး၊ ဥပဒများစည်းမျဉ်းစည်းကမ်းများကိုထုတ်ဆင့်ခဲ့သဖြင့် အလုပ်ဌာနနေရာမျိုးစုံတွင် အလုပ်ရှင်နှင့်အလုပ်သမားတို့မှ အလုပ်ခန့်ထားခြင်းဆိုင်ရာသဘောတူစာချုပ်ကို ချုပ်ဆိုနေကြသည်ဖြစ်၏။
ထိုသို့အလုပ်ခန့်ထားခြင်းသဘောတူစာချုပ် ချုပ်ဆိုနေကြ သော်လည်း ဘာကြောင့်ချုပ်ဆိုရသလည်း၊ မည်သည့်ဥပဒေတွင် အလုပ်ခန့်ထားခြင်းဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုရမည်ဟု သိရှိလေ့လာသူနည်းသလို၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုပြီးပါက စာချုပ်ပါစည်းကမ်းချက်များကို ဖောက်ဖျက်လျှင် မည်သည့်ဥပဒေအရ မည်သို့အရေးယူပြီး၊ ပြစ်မှုပြစ် ဒဏ်တွေ ဘယ်လိုချမှတ်သလည်းဆိုတာ သိရှိသူများ နည်းပါးလွန်းသည်။
(မည်သူမဆို မိမိလုပ်ကိုင်သည့် အလုပ်သည် မည်သည့်သဘောရှိသည် ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိသည် ဘယ်ထောက်ထိ အကျိုးသက်ရောက်နိုင်သည်ကို သိရှိထားပါက မိမိ၏ အလုပ်ကို ပို၍ပင်တန်ဖိုးထားကြမည်ဖြစ်တော့၏။)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1GC0Z8dES7bYJ6hCjM0EJhcoIfb-msNbaYDYWTTAssRU-rUNs-mZCFauMsBgH0XzXOQWYNxQnR20eTs9XKpSvI7NVvz1nW8nEknce0XYcMeFEJrBgU1dQp7YgPGEQeMFDihyphenhyphennEswHlwbH/)
အမေး။ ။မည်သည့်အချိန်တွင် အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားခြင်းသဘောတူစာချုပ်ပြုလုပ်ရမည်နည်း။
အဖြေ
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ဆိုရမည်။ (အစိုးရုံးများတွင် အမြဲတမ်းဝန်ထမ်းခန့်အပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။) {ပုဒ်မ ၅(က)(၁)}
အစမ်းခန့်ကာလသတ်မှတ်ပါက အလုပ်ပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg48Gg-kgxCnvOEpnqQAKvejixfc_HK8fPRQRWhN-djiwQOqKDYw6qS4EpLnJULDhdPB5l3TuIjK-4HY2hyphenhyphenAtekyqcN2YD71jp7WJRG3-PUXFw_aftQA0fsNV0n_jGBjSl0_x9oLYtKGM9Z/)
အမေး။ ။အလုပ်ရှင်မှ စာချုပ်မချုပ်ပါက မည်သို့အရေးယူနိုင်သနည်း။
အဖြေ
မည်သည့်အလုပ်ရှင်မဆို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုရန်ပျက်ကွက်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၆ လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ {ပုဒ်မ ၃၈(က)}
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi15hhSABS6HhdytB0rqSwwpkNX3T8A_2DuFxcDrY3ydx-ypCB6jf7o9whp09FyhQvNDacJb_tb6ZdgHXSpbASc10-QoMBbXpkiKkzbxZqX0gHAP2aWHAj8Blva5Y8G4PQmwnnaPUdsxCcr/)
အမေး။ ။အလုပ်ရှင် သို့မဟုတ် အလုပ်သမားမှ စာချုပ်ပါစည်းကမ်းချက်ကိုဖောက်ဖျက်ပါက အရေးယူနိုင်ပါသလား။
အဖြေ
မည်သူမဆို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက်တစ်ချက်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ {ပုဒ်မ ၃၉}
ထိုသို့အလုပ်ခန့်ထားခြင်းသဘောတူစာချုပ် ချုပ်ဆိုနေကြ သော်လည်း ဘာကြောင့်ချုပ်ဆိုရသလည်း၊ မည်သည့်ဥပဒေတွင် အလုပ်ခန့်ထားခြင်းဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုရမည်ဟု သိရှိလေ့လာသူနည်းသလို၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချုပ်ဆိုပြီးပါက စာချုပ်ပါစည်းကမ်းချက်များကို ဖောက်ဖျက်လျှင် မည်သည့်ဥပဒေအရ မည်သို့အရေးယူပြီး၊ ပြစ်မှုပြစ် ဒဏ်တွေ ဘယ်လိုချမှတ်သလည်းဆိုတာ သိရှိသူများ နည်းပါးလွန်းသည်။
(မည်သူမဆို မိမိလုပ်ကိုင်သည့် အလုပ်သည် မည်သည့်သဘောရှိသည် ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိသည် ဘယ်ထောက်ထိ အကျိုးသက်ရောက်နိုင်သည်ကို သိရှိထားပါက မိမိ၏ အလုပ်ကို ပို၍ပင်တန်ဖိုးထားကြမည်ဖြစ်တော့၏။)
အမေး။ ။မည်သည့်အချိန်တွင် အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားခြင်းသဘောတူစာချုပ်ပြုလုပ်ရမည်နည်း။
အဖြေ
အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ဆိုရမည်။ (အစိုးရုံးများတွင် အမြဲတမ်းဝန်ထမ်းခန့်အပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။) {ပုဒ်မ ၅(က)(၁)}
အစမ်းခန့်ကာလသတ်မှတ်ပါက အလုပ်ပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်သတ်မှတ်ချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။
အမေး။ ။အလုပ်ရှင်မှ စာချုပ်မချုပ်ပါက မည်သို့အရေးယူနိုင်သနည်း။
အဖြေ
မည်သည့်အလုပ်ရှင်မဆို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆိုရန်ပျက်ကွက်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၆ လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ {ပုဒ်မ ၃၈(က)}
အမေး။ ။အလုပ်ရှင် သို့မဟုတ် အလုပ်သမားမှ စာချုပ်ပါစည်းကမ်းချက်ကိုဖောက်ဖျက်ပါက အရေးယူနိုင်ပါသလား။
အဖြေ
မည်သူမဆို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက်တစ်ချက်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ {ပုဒ်မ ၃၉}
Comments
Post a Comment