လူပျောက်တိုင်တန်းခြင်းနှင့် ရဲတပ်ဖွဲ့တာဝန်ဝတ္တရား
(မိမိပတ်ဝန်းကျင်၊ ဆွေမျိုးသားချင်၊ မိတ်ဆွေသင်္ဂဟများနှင့်ပတ် သတ်၍ တစ်ဦးဖြစ်စေ၊ အများဖြစ်စေ ခိုင်လုံသောအကြောင်းရင်းမရှိပဲ အကြောင်းမဲ့ ပျောက်ဆုံးပါက၊ နီးစပ်သည့် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လူပျောက်ကြောင်းတိုင်တန်းပြီး အမှုဖွင့်လှစ် ထားသင့်သည်။)
လူပျောက်ကြောင်း ရဲစခန်းသို့ လာရောက်တိုင်တန်းပါက ရဲတပ်ဖွဲ့သည် ရဲလက်စွဲ(ဒုတိယတွဲ) အပိုဒ် ၁၂၅၅၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲ(ခ)နှင့် အပိုဒ်ခွဲ(ဂ)ကို လိုက်နာဆောင်ရွက်ရမည်။
(က) -လူပျောက်တိုင်ကြားလာသောအခါ လူပျောက်ကြောင်း အကြောင်းအရာကို သေချာစွာမေးမြန်းစုံစမ်းရမည်။
- ရဲအရေးပိုင်သောပြစ်မှုဖြစ်ကြောင်း သင်္ကာမကင်းဖြစ် ရန်အကြောင်းရှိလျှင် ပထမသတင်းပေးတိုင်ချက်ကို
ရေးဖွင့်ပြီး စုံစမ်းစစ်ဆေးစေရမည်။
- တစ်စုံတစ်ယောက်၏ လက်ချက်ကြောင်း ပျောက်နေ
သည်ဟု သင်္ကာမကင်းရှိသော အမှုတွင် သက်ဆိုင်ရာ
ရဲစခန်းသို့ အကြောင်းကြားပြီးလှင် ပြစ်မှုပြန်တမ်း ဒုတိ
ယတွဲတွင် ကျောက်နေသူ၏ ဓာတ်ပုံနှင့်တကွ ကြော်ငြာ
ဆောင်ရွက်ရမည်။ ပျောက်ရသည့်အကြောင်းမှန်ကို
ကျေနပ်စွာမသိရမခြင်း အမှုကို စုံစမ်းစစ်ဆေးစေရမည်။
(ခ) - တိုင်ကြားသူထံမှ စုံစမ်းမေးမြန်းပြီးနောက် ရဲအရေးပိုင်
သောပြစ်မှုဖြစ်သည်ဟု သင်္ကာမကင်းရန်အကြောင်း
မရှိလျှင် ၄င်း၏ တိုင်ကြားချက်ကို ''အရပ်ရပ်နေ့စဉ်မှတ်
တမ်း''တွင် ရေးမှတ်စေ၍ ဒုရဲအုပ်အောက် မနိမ့်သော
ရဲအရာရှိအား စုံစမ်းစစ်ဆေးစေရမည်။
(ဂ) - မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ လူပျောက်တိုင် တန်းလျှင် အထက်ဌာနများသို့ ချက်ချင်းအစီရင်ခံရမည်။
By: Eugenia Myanmar
{မြန်မာသပြေ}
Comments
Post a Comment