မယားစရိတ်နှင့်သားသမီးစရိတ်
မယားစရိတ်ဆိုရာတွင် တရားဝင်လက်ထပ် ထိမ်းမြားခဲ့သည့် မယားသာလျှင် မယားစရိတ်ကို ရထိုက်သည်။

တိတ်တိတ်ပုန်းချစ်ကြိုက်၍ လင်မယားပုံစံဆက်ဆံနေကြသည့် အပျော်မယားများသည် စားစရိတ်ရထိုက်ခွင့်မရှိပေ။
သိုသော် တရားဝင်လက်ထပ်ထိမ်းမြားခဲ့သည့်မယား၏ သားဖြစ်စေ၊ တိတ်တိတ်ပုန်းအပျော်မယားမှ မွေးဖွားသောသားဖြစ်စေ စားစရိတ်တောင်းဆိုခြင်းခံရသူ(ဖခင်)ထံမှ သားသမီးစရိတ် တောင်းဆိုနိုင်သည်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ၄၈၈

ထိုသို့သားသမီးစရိတ်တောင်းဆိုသော်လည်း သားသမီးများသည် စားစရိတ်တောင်းဆိုခြင်းကြောင့်တရားစွဲဆိုခံရသူ(ဖခင်)နှင့် မိမိ၏မိခင်ပေါင်းသင်းဆက်ဆံရာမှ မိမိကိုမွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားအောင် သက်သေပြနိုင်ပါမှသာ သားသမီးစရိတ် ရရှိနိုင်သည်။

ဆက်လက်ကြိုးစားပါ့မည်...

Comments
Post a Comment